ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် ကြံ့ခိုင်ရေးပါတီဝင် ကျောင်းဆရာ တစ်ဦးအသတ်ခံရ

diz_admin

April 15, 2022

ပုလောမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံ ကျောင်းဆရာတစ်ဦး ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံတစ်ဦးလည်းဖြစ် Non CDN ကျောင်းဆရာတစ်ဦးလည်းဖြစ်သူ အသက် ၄၀ ဝန်းကျင်ရှိ ကိုအောင်နေဇာလင်းမှာ ဆိုင်ကယ်မောင်းလာစဉ် သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “သူက CDM လုပ်ထားတဲ့ ဆရာမတွေကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ကြားရတယ်။ ဟုတ်မဟုတ်တော့မသိရဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ၎င်းသည် ပုလောမြို့တွင်းသို့ ဆိုင်ကယ်မောင်းပြီးဝင်လာစဉ် မြို့အဝင် သင်္ချိင်းဟောင်းအနီး ဆေးရုံအောက် တောင်ကုန်းအကွေ့တွင် အပစ်ခံရခြင်းဖြစ်ပြီး အပစ်ခံရပြီးနောက် တစ်နာရီကျော်အကြာ ဆေးရုံတွင်သေဆုံးသွားသည်ဟု ပုလောဒေသခံများ ကဆိုသည်။ ဦးအောင်နေဇာလင်းမှာ ပုလောမြို့နယ်၏ အာဏာရှင်စနစ်တော်လှန်ရေးတွင် အမြဲတမ်း အနှောက်အယှက်ပေးခြင်း၊ စစ်ကောင်စီဘက်မှ ရပ်တည်သည့် ဒလန်၊ […]

မြိတ်သင်္ကြန် တိတ်ဆိတ်ခြောက်ကပ်

diz_admin

April 14, 2022

မြိတ်သင်္ကြန်အကျနေ့ဆိုလျှင် နှစ်စဉ်လမ်းများတွင် ရေပတ်ခံထွက်သည့် ကား၊ ဆိုင်ကယ်များ လမ်းပိတ်သည်အထိ တိုးကြိတ်စည်ကားခဲ့သော်လည်း ယခုနှစ်တွင် ရေပတ်ခံထွက်သူ မရှိသလောက်နည်းသဖြင့် မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း တွေ့ရသည်။ သင်္ကြန်မတိုင်ခင်ကာလက လမ်းပေါ်တွင် ယာဉ်များ၊ လူအများ အသွားအလာ များပြားခဲ့သော်လည်း သင်္ကြန်ကာလတွင် လူအသွားအလာပင် မရှိသလောက်နည်းသွားပြီး တိတ်ဆိတ်သွားခြင်းဖြစ်ကြောင်း မြို့ခံများကလည်း ဆိုသည်။ ထားဝယ်စုရပ်၊ ဂုဏ်ရုံလမ်း တစ်လျှောက်နှင့် ဈေးကြီး၊ နာရီစင်နှင့် ကျောက်စိမ်းကုန်တိုက်လမ်းများသည် ယခင်သင်္ကြန်ကာလများတွင် ကြိတ်ကြိတ်တိုးစည်ကားပြီး သီချင်းသံများ ဆူညံခဲ့သော်လည်းယခုအချိန်တွင်မူ တိတ်ဆိတ်နေကြောင်း ယင်းနေရာများသို့ သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ (ယင်းလမ်းအခြေအနေကို ယနေ့ (ဧပြီ ၁၄) မွန်းလွဲပိုင်းက မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်သည်။) ယင်းအပြင် စားသောက်ဆိုင်များ၊ ရေပတ်ခံထွက်သူများ အစားအသောက်စားရင်း အနားယူလေ့ရှိသည့် ကမ်းနားလမ်းတစ်လျှောက်မှ အကင်ဆိုင်င်များတွင်လည်း […]

သင်္ကြန်အကျနေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

April 14, 2022

သင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့ (ဧပြီ ၁၄) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က ထားဝယ်မြို့လမ်းများတွင် လူအသွားအလာ မရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။ ရေပတ်ကစားသူများ တွေ့ရခြင်းလည်း မရှိပေ။

ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲ

diz_admin

April 14, 2022

ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီး စာတိုက်လမ်းကြားထဲတွင် ယနေ့ (ဧပြီ ၁၄) နံနက် ၁ဝနာရီခန့်က ဗုံး‌ပေါက်ကွဲကြောင်း အနီးအနာတွင်နေထိုင်သူအချို့က ပြောသည်။ ပေါက်ကွဲသံ တစ်ချက်ကြားရပြီးနောက် ဆောက်လုပ်‌ရေးမဏ္ဍပ်တွင် ဖွင့်ထားသည့် အသံချဲ့စက်အသံ ရပ်သွားကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။ “လူတော့ မထိဘူး။ အဲဒီနားက အိမ်တစ်ဆောင်ကိုတော့ ဗုံးစတွေ မှန်သွားသေးတယ်” ဟု ၎င်းက‌ ဆိုသည်။ ယင်းမဏ္ဍပ်အတွင်း လာရောက်ရေကစားသူများ မတွေ့ရဘဲ အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုသာ တွေ့ရကြောင်း ၎င်းက ဆိုသည်။ ဆောက်လုပ်ရေးမဏ္ဍပ်သည် တိုင်းအစိုးရအဖွဲ့ရုံးနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

တနင်္သာရီ လယ်သစ်ကျေးရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

diz_admin

April 14, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၃ ရက် ည ၈ နာရီခွဲ ဝန်းကျင်က လယ်သစ်ကျေးရွာအရှေ့ကမ်းရှိ မိုင်တဲတာဝါတိုင် မိုင်းဆွဲခံရပြီး ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။ “အသံက တော်တော်ကျယ်တယ်။ အောက်ခြေစက်တွေ အကုန်မီးလောင်ပျက်စီးသွားတယ်” ဟု လယ်သစ်အရှေ့ကမ်းနေ ရွာသားတစ်ဦးက ပြောသည်။ မိုင်းခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက် ထွက်ရှိလာခြင်း မရှိသေးသဖြင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။ လယ်သစ်ကျေးရွာတွင် မိုင်တဲတာဝါတိုင်နှင့် MPT တာဝါတို့ရှိပြီး လက်ရှိတွင် MPT လိုင်းများကို ဆက်လက်အသုံးပြု၍ရကြောင်း ရွာသားများက ပြောပြသည်။ တနင်္သာရီမြစ်လက်တက်တစ်ခုပေါ်တွင်တည်ရှိသည့် လယ်သစ်ကျေးရွာ၏ အရှေ့ကမ်းနှင့် အနောက်ကမ်း ပေါင်းလျှင် အိမ်ခြေတစ်ထောင်ကျော် ရှိသည်။ အဆိုပါကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲငယ်များ […]

မလေးရှားသို့ တရားမဝင်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၂၁ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

diz_admin

April 13, 2022

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် လူဝင်မှူကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ရဲချုပ် Prapansak Prasansuk ကပြောကြားခဲ့ကြောင်း Bangkok Post က ယနေ့ဖော်ပြသည်။ ဧပြီလ ၁၂ ရက်က ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်၊ ရတ်တဖူမိမြို့ အာရှလမ်းမကြီး‌‌တွင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၁ ဦးသည် ကင်န်းဗက်စ်အနက်ရောင်ဖြင့် အပြည့်ဖုံးအုပ်ထားသော ကားအနောက်ပိုင်းတွင် ကျပ်ညပ်ကာလိုက်ပါလာခြင်းဖြစ်ပြီး အမျိုးသား ၁၈ ဦး အမျိုးသမီး ၃ ဦးတို့ပါဝင်သည်။ ဖမ်းဆီးခံရသော ကားမောင်းသမားထံမှ စစ်ဆေးတွေ့ရှိချက်အရ နောက်ထပ် ပစ်ကပ်ကား‌မောင်းသူ ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦးကိုလည်း […]

စက်သုံးဆီသယ်ယူခွင့် ပိတ်ထား၍ တနင်္သာရီရှိ ကျေးရွာအချို့ လျှပ်စစ်မီးပုံမှန်မရ

diz_admin

April 13, 2022

စက်သုံးဆီသယ်ယူခွင့် ပိတ်ခံထားရသည့်အတွက် တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာနှင့် သရဘွင်ကျေးရွာတို့တွင် လျှပ်စစ်မီးပုံမှန်အတိုင်း မပေးနိုင်တော့ဘဲ လျှော့ချလိုက်ရကြောင်း လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီနှင့် ရွာသားများထံမှသိရသည်။ တကူနှင့်သရဘွင် ကျေးရွာများအား Royal Myanmar Light ကုမ္ပဏီမှ ၂၄ နာရီလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ နံက် ၈ နာရီမှ နံနက် ၁၀ နာရီအထိတစ်ချိန် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိတစ်ချိန်သာ ဖြန့်ဖြူးပေးရန် သတ်မှတ်လိုက်ကြောင်း ကုမ္ပဏီတာဝန်ရှိသူကပြောသည်။ “ရွာသားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ သူတို့တောင်းဆိုတဲ့အပေါ်  ဒီလိုကန့်သန့်လိုက်ရခြင်း ဖြစ်တယ်။  စက်သုံးဆီ သယ်ခွင့်ရရေးကိုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။ တကူကျေးရွာနှင့် သရဘွင်ကျေးရွာ အနီးတစ်ဝိုက်တွင် PDF များခိုအောင်းနေသည်ဟုဆိုကာ ဆန်နှင့်စက်သုံးဆီသယ်ယူခွင့်ကို ပြီးခဲ့သည့်အပတ် (ဧပြီဒုတိယအပတ်) မှစပြီး စစ်ကောင်စီက ကန့်သန့်ထားခြင်းဖြစ်သည်။ […]

ထိုင်းရောက် အထောက်အထားမဲ့မြန်မာလုပ်သားများ တရားဝင်အလုပ်လုပ်ခွင့်ရရန် ကျပ် ၁၀ သိန်းကျော်အထိကုန်ကျ

diz_admin

April 13, 2022

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန်အတွက် အထောက် အထားမဲ့မြန်မာများကို အလုပ်လုပ်ခွင့်လက်မှတ် (ဒေသအခေါ် ပန်းရောင်ကတ်) တရားဝင် ပြုလုပ်ပေးနေသော်လည်း သတ်မှတ်နှုန်းထက် များစွာပိုမိုသည့် ဘတ် ၂၀၀၀၀ ဝန်းကျင် (ကျပ် ၁၀ သိန်းကျော်)အထိ ကုန်ကျကြောင်း ပန်းရောက်ကတ် ပြုလုပ်နေသော မြန်မာအလုပ်သမားများထံမှ သိရှိရသည်။ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အတွက် အဆိုပါကတ်ကို မိမိအလုပ်လုပ်ကိုင်မည့်စက်ရုံ၏ ထောက်ခံချက်ဖြင့် ယာယီ အလုပ်လုပ်ခွင့် အထောက်အထား ပြုလုပ်ထားကြရသည်။ ပန်းရောင်ကတ်သည် သတ်မှတ်နယ်မြေကိုကျော်လွန်၍ ခရီးသွားခွင့်မရှိဘဲ သတ်မှတ်နယ်မြေအတွင်းသာ နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့်ပေးထားသော အထောက်အထားကတ်ဖြစ်သည်။ ပန်းရောင်ကတ် ပြုလုပ်ရာတွင် ထိုင်းအစိုးရမှ သတ်မှတ်ထားသော ကုန်ကျစရိတ်မှာ ၁၉၀၀ ဘတ်ဖြစ်ပြီးကိုဗစ်ကျန်းမာရေးအာမခံအတွက် ၁၉၉၀ ဘတ် နှင့် နောက်ထပ်ကျန်းမာရေး […]