B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်
diz_admin
April 24, 2022ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။ ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်းတက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ […]


