ဂေါ်ဖီထုပ်ကားအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာလုပ်သား ၁၄ ဦး တာခ့်ခရိုင်တွင်ဖမ်းဆီးခံရ
diz_admin
April 28, 2022ဂေါ်ဖီထုပ်များတင်ဆောင်လာသော ဟင်းသီးဟင်းရွက်ကားနှစ်စီးအတွင်း ပုန်း၍ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဧပြီလ ၂၇ရက်နေ့ ညနေ ၆ နာရီ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။ မဲဆောက်ဘက်မှမောင်းနှင်လာသော ဂေါ်ဖီထုပ်များသယ်ဆောင်လာသည့် ဟင်းသီးဟင်းရွက်ကားနှစ်စီးကို ဖို့ပ်ဖလ-မဲဆောက် အမြန်လမ်း ကီလိုမီတာ ၃၀ တွင် စစ်ဆေးရေးဂိတ်ရှိ ရဲအရာရှိများက ကြားဖြတ် ရပ်တန့်စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂေါ်ဖီထုပ်ကားနှစ်စီးကို ထိုင်းနိုင်ငံသား သားအဖနှစ်ဦးက မောင်းနှင်လာပြီး မြန်မာလုပ်သားများသည် ကားအနောက်ဘက် ဂေါ်ဖီထုပ်များကြား အလယ်တွင် ကျပ်ညပ်ကာ ပုန်းအောင်းလိုက်ပါလာကြခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာလုပ်သား ၁၄ ဦးတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး […]


