ဘန်လောတွင် စစ်ကောင်စီဒရုန်းဖြင့်ဗုံးချမှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီး
Dawei Watch
November 20, 2024တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင် ပျက်စီးကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်း နှစ်ကြိမ်ပျံသန်းကာ ၈၁ မမ အမျိုးအစား ဗုံးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ဒေသခံတွေကတော့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့တော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။ ဘန်လောရွာအနီးဝန်းကျင်က ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဘန်လောကျေးရွာရှိ စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီးကြောင်း ပြောဆိုသည်။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသတွင်း ဘာသာရေး အဆောက် အအုံများ […]


