ပုလောတွင် စစ်ကောင်စီတပ်မီးရှို့မှု ဥယျာဉ်ခြံဧက တစ်ရာကျော်မီးလောင်၊ ငါးရက်ဆက် မီးဆက်လောင်နေဆဲ
Dawei Watch
January 16, 2025ပုလောမြို့နယ်၊ တပိုကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် ဥယျာဉ်ခြံ ဧက တစ်ရာကျော် မီးလောင်ပျက်စီးသွားပြီး ဇန်နဝါရီလ ၁၅ ရက်အထိ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ရက်က တပိုကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ တပိုရွာနှင့် အနီးတဝိုက်ရှိ ဥယျာဉ်ခြံများနှင့် နေအိမ်အချို့မီးလောင်နေခြင်းဖြစ်သည်။ ရော်ဘာခြံများ မီးလောင်ကျွမ်းနေသည်မှာ ငါးရက်မြောက်ရှိလာပြီဖြစ်သော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ တပိုနှင့် စက်တော်ရာကျေးရွာမှတစ်ဆင့် ဆယ်အိမ်စု ရေချောင်းတစ်ဖက်ကမ်းရှိ တောင်ကြောတစ်လျှောက် (တောရိုင်းများ) ဆက်လက်လောင်ကျွမ်းနေကြောင်း တပိုကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တပိုရွာတောင်ကြောတစ်လျှောက်ခြံတွေက နည်းမှမနည်းတာ။ ရွာရဲ့ (ခြံ) သုံးပုံနှစ်ပုံလောက် မီးထဲပါသွားတာပါ။ ဧကတစ်ရာ ဝန်းကျင်လောက်ရှိတယ်။ ကျွန်တော်တို့မှာတောင် ရော်ဘာခြံရော ကွမ်းခြံပါ ဆယ့်ခြောက်ဧက နီးပါး လောက် ပါသွားတယ်” ဟု အဆိုပါအမျိုးသားက […]


