ပုလောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
April 1, 2025ပုလောမြို့ အမှတ် ၄ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဝင်းသည် အမှတ် ၄ ရပ်ကွက် ရွှေဟင်္သာလမ်းရှိ နေအိမ်တွင်ရှိနေချိန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းမြို့ခံကပြောသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း ၇ တို့ပူးပေါင်းပြီး ဦးခင်မောင်ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ယနေ့ (ဧပြီ ၁) တွင် ထုတ်ပြန်သည်။ စစ်ကောင်စီက ပြဌာန်းထားသည့် အဓမ္မစစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးသည် လူငယ်များကို ဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ […]


