တာရိုးကျိုးပြီးမြိတ်ရှိ လယ်ဧက တစ်ရာကျော်ပျက်စီး
diz_admin
February 5, 2020မြိတ်မြို့၊ ကလွင်မော်ရပ်တွင်ရှိသည့် တာရိုးကျိုးကျပြီး လယ်ဧကတစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လယ်သမား များထံမှ သိရသည်။ ကလွင်မော်တွင် လယ်ဧကနှစ်ရာ ကျော်ခန့်ရှိရာ ယခုနှစ် စပါးစိုက်ပျိုးပြီး သည့်အချိန်တွင် တာရိုးကျိုးသဖြင့်ပင်လယ် ဒီရေဝင်ရောက်ကာပျက်စီးခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။ ပင်လယ်ဒီရေလှိုင်း ရိုက်ပုတ်ခြင်း ကြောင့်တာရိုးခန့်မှန်းပေ ၃၀၀ ကျော်ခန့် ကျိုးကျကာ လယ်သမားတစ်ဆယ်ကျော် စိုက်ပျိုးထားသည့် လယ်ဧကတစ်ရာကျော် ပျက်စီးခဲ့ရကြောင်း လယ်သမားများက ဆိုသည်။ “ပုံမှန်စပါးတင်းတစ်ထောင်ရနေရာကဒီနှစ်တာကျိုးလို့စပါးတင်းခြောက် ဆယ်လောက်ပဲရတော့တယ်”ဟု လယ်ဆယ်ဧကကျော် ပျက်စီးခဲ့ရသည့်တောင်သူ ကိုမျိုးဝင်းက ပြောသည်။ စပါးစိုက်ပြီးသည့်အချိန်တွင်ရုတ် တရက်တာရိုးကျိုးကျမှုကြောင့် လယ်ဧက ၁၀ ကျော်ပျက်စီးခဲ့ပြီး အကြွေးသိန်းနှစ် ဆယ်ခန့်တင်ခဲ့ကြောင်း တောင်သူဦးလွင်ဇော်က ဆိုသည်။ လယ်သမားများအနေဖြင့် တာရိုးကျိုး ကျသည့်ဖြစ်စဉ်အား လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့တင် ပြခဲ့ပြီး ဖြစ်သော်လည်း မည်သို့ဆောင် ရွက်မည်ကို […]


