ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

လော့လော့ ပုစွန်မွေးမြူကန်နှင့် တပ်သိမ်းမြေကိစ္စ တောင်သူလယ်သမားသမဂ္ဂ ကူမည်

diz_admin

February 11, 2020

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန် မွေးမြူရေးကန်နှင့် တပ်သိမ်းမြေယာများ ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ကူညီမည် ဖြစ်ကြောင်း ယင်းသမဂ္ဂ နာယက ဦးဆန်းဆင့်ထံမှ သိရသည်။ သိမ်းဆည်းမြေယာများအား သက် ဆိုင်ရာဒေသရှိ သမဂ္ဂများမှ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ မြေယာအမှုတွဲများ ပေးပို့သွားမည်ဖြစ်ကြောင်း တောင်သူ လယ်သမားသမဂ္ဂ နာယက ဦးဆန်းဆင့်က ပြောပြသည်။ “စစ်ဆေးပြီးတော့ မှန်ကန်တဲ့ဟာတွေ ကို တင်ပေးသွားမယ်”ဟု ဦးဆန်းဆင့်က ပြောသည်။ ဦးဆန်းဆင့်သည် သာသနာရေး ဝန်ကြီးဟောင်းဖြစ်ပြီး နိုင်ငံပိုင်ငွေ အလွဲ သုံးစားပြုမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် […]

မြိတ်နှင့်တနင်္သာရီမြို့သို့ ရေချိုပေးဝေမည့် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာသန်း ၇၀ ခန့် ရှိမည်

diz_admin

February 11, 2020

တနင်္သာရီမြစ်အတွင်းမှ ရေချို ရယူပြီး မြိတ်နှင့် တနင်္သာရီမြို့နယ်များသို့ ရေပေးဝေးမည့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု မှာ ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်ရှိမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဒါရိုက်တာ အတွင်းရေးမှူး ဦးမျိုးအောင်ထံမှ သိရသည်။ အဆိုပါ ရေပေးဝေရေးစီမံကိန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းချ ပြခြင်းနှင့် ပြည်သူများ၏ သဘောထား အမြင် ရယူခြင်း အခမ်းအနားကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ရှင်းလင်းပွဲကို တနင်္သာရီ မြို့နယ်တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြိတ်အများပိုင်မှ သိရ သည်။ တနင်္သာရီမြစ်ရေများ ထုတ်ယူနိုင် မည့်နေရာအဖြစ် တနင်္သာရီမြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့ကို ပဏာမ ရွေးချယ်ထားပြီး […]

နှစ်လအတွင်း ကျပ်သန်းတစ်သောင်း ခွဲခန့်တန်ဖိုးရှိ လုပ်ငန်းလေးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

diz_admin

February 10, 2020

ယခုနှစ်ဆန်းပိုင်းအတွင်း ကျပ် သန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ လုပ်ငန်းလေးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လက်ရှိအချိန်ထိ ခွင့်ပြု ပေးခဲ့သည့် လုပ်ငန်းများဖြစ်သည်။ မြိတ်မြို့နယ်အတွင်းရှိ အသင့်ဖျော် ဘိလပ်မြေ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း နှစ်ခု၊ ငါးအမှုန့်ထုတ်လုပ်ဖြန့် ဖြူးခြင်းလုပ်ငန်း တစ်ခုနှင့် ကွန်ကရစ် ပိုင်တိုင်ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ကျောက်ဖျာကျေးရွာအုပ်စုတွင် လုပ်ကိုင်မည့် ငါးအမှုန့်ကြိတ်လုပ်ငန်းက အနံ့ဆိုး ထွက်မှု မရှိစေရန် ထိုင်းနိုင်ငံနည်းပညာဖြင့် လုပ်ကိုင်မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။ အမေရိကန်ဒေါ်လာ […]

မြိတ်တွင် နေအိမ်ပေါ်တက် ဓားထောက် လုယက်မှုဖြစ်

diz_admin

February 10, 2020

မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျား ကုန်စိမ်းဈေးဟောင်းအနီးရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၇ ရက် ညရှစ်နာရီခန့်က နေအိမ်ပေါ်တက် ဓားထောက် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေအိမ်အတွင်း အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦး၊ သုံးနှစ်အရွယ်နှင့် ရှစ်လသားအရွယ်ရှိ ကလေးနှစ်ယောက်နှင့် အတူရှိနေစဉ် အမည်မသိအမျိုးသားသုံးဦးက အိမ် အတွင်း ဝင်ရောက်လာပြီး ရှစ်လသား အရွယ် ကလေးငယ်အား ပွေ့ချီကာ အသင့်ပါလာသည့်ဓားဖြင့် ထောက်ထားခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။ အော်ဟစ်အကူအညီတောင်းခံပါက ကလေးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ဘီဒိုအတွင်းရှိ ရတနာပစ္စည်းများကို ရှာဖွေယူ‌ဆောင် သွားခဲ့ကြောင်း သိရသည်။ လုယက်သူများအား အမြန်ဆုံးဖမ်းမိရေးအတွက် ဆောင်ရွက်နေကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က […]

မြိတ်တွင် မြေပြိုဘေး ဇာတ်တိုက် လေ့ကျင့်

diz_admin

February 6, 2020

မြေပြိုဘေးသဏ­္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုတစ်ခုကို မြိတ်မြို့ မြိတ် တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်ရှိ အောင်မြေသုခဘုန်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ အောင်မြေသုခကျောင်း၏ တောင် နံရံအနီး ပတ်ဝန်းကျင် နေထိုင်သူနေများ အနေဖြင့် မြေပြိုသည့်ဘေးနှင့် ရင်ဆိုင်ရ သည့်အခါ စနစ်တကျ ပြင်ဆင်ပြောင်းရွှေ့ နိုင်ရန် ရည်ရွယ်ပြီး ဇာတ်တိုက်လေ့ကျင့် ရခြင်းဖြစ်ကြောင်း အထက်ပါ ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင် တင်ချိုက ပြောသည်။ အဆိုပါ ဇာတ်တိုက်ပြုလုပ်သည့်နေရာအနီးတွင် ပြီးခဲ့သည့်နှစ်မိုးတွင်း ကာလက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေများပြိုကျမှုဖြစ်ခဲ့ဖူးကြောင်း မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောပြသည်။ ဇာတ်တိုက်လေ့ကျင့်မှုတွင် တောင် မြေများပြိုကျသည်ကို တောင်အနီး ပတ်ဝန်းကျင်နေသူများ အား အော်လံဖြင့် သတိပေးခြင်း၊ ကလေးသူငယ်များနှင့် […]

ကျေးရွာချင်းဆက်လမ်း ဆိုလာလမ်းမီးတိုင်လုပ်ပေးရန်မရှိ

diz_admin

February 6, 2020

ကျွန်းစုမြို့နယ်ရှိ ကျေးရွာချင်း ဆက်လမ်းများ ကောင်းမွန်လာသော် လည်း လမ်းမီးတိုင်မရှိသည့် အတွက် အန္တရာယ်ရှိသဖြင့် ဆိုလာမီးတိုင် လုပ်ဆောင် ပေးရန် မရှိကြောင်း အစိုးရက ပြန်လည် ဖြေဆိုသည်။ ကျွန်းစုမဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် က ဆိုလာမီးတိုင် အစဉ်အစဉ်ရှိ/မရှိတိုင်းအစိုးရအား ဇန်နဝါရီ ၃၀ ရက် လွှတ်တော် အစည်း အဝေးတွင် မေးခွန်းထုတ်ခဲ့သည်။ ကျွန်းစုတွင် ကျေးရွာချင်းဆက်လမ်းများ ကောင်းလာသော်လည်းလမ်း မီးတိုင်များမရှိသည့် အတွက်အမှောင်ထုထဲတွင် ခက်ခဲစွာသွားလာနေရသောကြောင့် မူးယစ်ဆေးသမားများက အန္တရာယ်ပြု မည်ကိုစိုးရိမ်နေကြရကြောင်း ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင် တင်ပြ ခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းချသူများ၊ သုံးစွဲသူများ အလွန်များပြားလာသည့် အတွက် ညဘက်သွားလာတဲ့အခါ မှောင် ရိပ်ခိုပြီးဒုစရိုက်မှုကျူးလွန်ခံရမည်ကို စိုးရိမ်နေရသည်ဟု ပြည်သူတို့က တင်ပြ လာကြောင်း […]

လော့လော့ပုစွန်မွေးမြူရေးကန် မြေသိမ်းဆည်းမှုကိစ္စ ဒုဝန်ကြီးအဖြေနှင့် မြေပြင်အခြေအနေကွဲလွဲမှုရှိနေ

diz_admin

February 6, 2020

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန်မွေးမြူရေးကန်အတွက် သိမ်းဆည်းခဲ့ သည့် မြေယာများ ကိစ္စနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် မြေပြင်အခြေအနေ ကွဲလွဲနေကြောင်း မြေယာသိမ်းဆည်းခံ လော့လော့ ကျေးရွာနေသူတချို့ထံမှ သိရသည်။ လော့လော့ပုစွန်မွေးမြူရေးကန်ပြု လုပ်သည့် သိမ်းဆည်းမြေများအတွက် မြေအစားထိုးဖော်ထုတ်ရန် ကုန်ကျငွေ များ ပေးအပ်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။ “မြေအစားထိုးချထားနိုင်ဖို့ အတွက် မြေဖော်ထုတ်ဖို့ ကျပ်သိန်းတစ်ရာကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ပေးချေခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေဆိုခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် […]

သိန်းတစ်သောင်းခွဲဆု ပေါက်ပြီး နောက် မြိတ်တွင် ထီရောင်းအားတိုး

diz_admin

February 5, 2020

မြိတ်မြို့တွင် ပြီးခဲ့သည့်လက သိန်း တစ်သောင်းခွဲဆုပေါက်ပြီးသည့်နောက် ထီရောင်းအား ထက်ဝက်တိုးပြီး ရောင်းချ လာရကြောင်း ထီအရောင်းဆိုင်များ ထံမှသိရသည်။ ၁၁ ကြိမ်မြောက် အောင်ဘာလေသိန်းတစ်သောင်းခွဲဆုကိုမြိတ်မြို့၊ ဇေယျ သီရိ(၂) ရပ်ကွက်ရှိ ရတနာသိန်းထိုက်အောင် ၄၁၄ ထီဆိုင်မှ မြိတ်သား တစ်ဦးဆွတ်ခူး ပြီးနောက် ယခုလတွင် ရောင်းအားတက် လာခြင်း ဖြစ်သည်။ “ပုံမှန်ရောင်းချနေရာကနေ ဒီလဆို ထက်ဝက်လောက် သိသိသာသာကြီး ရောင်းအားတက်လာ တယ်”ဟု မြို့သစ် ရပ်ကွက် ပြည်သာယာလမ်းမကြီးတွင်ရောင်းချနေသည့်F 128 ထီဆိုင်ပိုင်ရှင် ဦးထွန်းဦးက ပြောသည်။ ယင်း ဆိုင်တွင်ယခင်လများက တစ်နေ့လျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိသာ ပုံမှန်ရောင်းချနေရာမှ သိန်းတစ်သောင်းခွဲဆု မြိတ်မြို့မှဆွတ်ခူးပြီးသည့်အချိန်တွင် တစ်နေ့ သုံးသိန်းမှလေးသိန်းအထိ ရောင်း အားတိုးလာသည်ဟု ၎င်းက ဆိုသည်။ ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသည့် […]