ထားဝယ်နှင့်မြိတ်ခရိုင်တွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၅၀၀၀ ဝန်းကျင် ပေးရန်တောင်းဆို
diz_admin
April 8, 2020ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်အတွင်း ရှိ အလုပ်သမားကိုယ်စားလှယ်များကအနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၅၀၀၀ ဝန်းကျင် တောင်းဆိုကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ မတ်လအတွင်း ပြုလုပ်ခဲ့သည့်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးသုံးပွင့်ဆိုင် ဆွေးနွေးပွဲများတွင်ယင်းသို့ တောင်းဆို ကြကြောင်း ဦးကျော်မင်းက ပြောသည်။ ထားဝယ်ခရိုင်တွင်အလုပ်သမားဘက်ကတစ်ရက် ကျပ်၅၀၀၀ မှ ၅၂၀၀ ကြားတောင်းဆိုပြီးအလုပ်ရှင်များဘက် က တစ်ရက်လျှင်ကျပ် ၅၆၀၀မှ ၆၀၀၀ ကြား ပေးနိုင်ကြောင်း ပြန်ဆွေးနွေးခဲ့ သည်ဟု ဦးကျော်မင်းက ဆိုသည်။ မြိတ်ခရိုင်တွင်မူ အလုပ်သမားများ ဘက်က တစ်နေ့အနိမ့်ဆုံး ကျပ်၅၀၀၀ တောင်းဆိုပြီး အလုပ်ရှင်များဘက်ကမူ လက်ရှိ တစ်နိုင်ငံလုံးအတည်ပြုထား သည့်ကျပ် ၄၈၀၀ သာ ထားစေလိုကြောင်း ဆွေးနွေးခဲ့သည်ဟု၎င်းက ပြောသည်။ ကော့သောင်းခရိုင်တွင်မူ လက်ရှိ […]


