ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

diz_admin

April 14, 2020

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။ ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။ ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။ “အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ […]

ဧပြီလ ၁၃ ရက်နေ့ မြိတ်နောက်ဆုံးရ သတင်း

diz_admin

April 13, 2020

မြိတ်ဆေးရုံကြီးတွင် ဧည့်တွေ့ချိန်ပိတ် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ပြည်သူ့ဆေးရုံကြီးတွင်ဧည့်တွေ့ချိန် ယာယီ ပိတ်လိုက်ပြီဖြစ်သည်။ ဧည့်တွေ့ချိန်အား ဧပြီလ ၄ ရက်နေ့မှစပြီး နေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီအထိသတ်မှတ်ထားသည်။ သို့သော် ဧပြီလ ၁၃ ရက်နေ့မှစပြီး ဧည့်တွေ့ချိန်ကို ခေတ္တပိတ်ထားလိုက်ပြီဖြစ်သည်။ ဧည့်တွေ့ချိန် ခေတ္တပိတ်ထားလိုက်ပြီဖြစ်သော်လည်း လူနာ ထမင်းချိုင့်ပို့ချိန်ကိုနံနက်ပိုင်းတွင် နံနက် ၇ နာရီမှ ၈ နာရီအထိ၊ နေ့လယ်တွင် ၁၁ နာရီမှ ၁၂ နာရီအထိ၊ ညနေတွင် ၄ နာရီမှ ၅ နာရီအထိ သတ်မှတ်ထားဆဲဖြစ်သည်။ ဈေးရောင်းချိန်ကန့်သတ် မြိတ်မြို့ပေါ်ရှိ စည်ပင်ပိုင်ဈေးတို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဧပြီလ ၃၀ ရက်နေ့အထိဈေးနှင့်ဈေးနယ်နိမိတ်အတွင်း ဆေးဝါး၊ အစားအသောက်များနှင့် […]

မြိတ်မှ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၂၊ ၂၀၂၀)

diz_admin

April 12, 2020

ရွာထဲသို့ အပြင်လူစိမ်းမဝင်ရ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ၁၁ ရက်နေ့မှစပြီး ပြင်ပမှ လူစိမ်းဝင်ရောက်ခြင်း တားမြစ်လိုက်ပြီဖြစ်သည်။ ရွာသားများအနေနှင့် သင်္ကြန်တွင်း နေရပ်သို့ပြန်လာပါက ရွာရှိ‌ စောင့်ကြည့်ရေးစခန်းတွင် နေထိုင်ပြီးမှ နေအိမ်သို့ ပြန်ခွင့်ရှိကြောင်း အနောက်သာရဖုံကျေးရွာနေသူ တစ်ဦးက ပြောသည်။ သို့သော် ရွာချင်းဆက်နေသူများအနေနှင့် တစ်ရွာနှင့် တစ်ရွာ ဝင်ထွက်သွားလာနိုင်ကြောင်း အနောက်သာရဖုံကျေးရွာနေသူတို့ထံမှ သိရသည်။ ဖျားနာ ကုသမည့် ဆေးခန်းဖွင့်မည် COVID-19 ကာကွယ်ကုသရေးအတွက် Fever clinic ကို မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ဆောင် အလယ်ပေါက်နှင့် ကန်ခေါင်းရပ်ကွက် မိခင်နှင့်ကလေးဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်လူနာများအတွက် သတ်မှတ်ချိန်ဖြစ်သည့် နေ့စဉ် နံနက် ၉ နာရီမှ […]

မြိတ်တွင် လူနာအမှတ် ၂၅ နှင့်ဆက်စပ် လူနှစ်ရာနီးပါးအား စောင့်ကြည့်၊ ထပ်မံစုံစမ်း

diz_admin

April 11, 2020

မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် လူနှစ်ရာနီးပါးအား အိမ်၊ ဟိုတယ်နှင့်စောင့်ကြည့်ရေး စခန်းများတွင် ကျန်းမာရေးစောင့်ကြည့်နေပြီး နောက်ထပ်ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းလျှက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောကြားသည်။ ရန်ကုန်မြို့နေ အသက် ၅၅ နှစ်ရှိ အမျိုးသားလူနာအမှတ် ၂၅ သည် မြိတ်မြို့ရှိ မင်္ဂလာဆောင်သို့ မတ်လ ၂၃ ရက်နေ့တွင်ရောက်ရှိလာပြီး မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ပြန်ရောက်ခဲ့သည်။ ပြီးနောက် ဧပြီလ ၂ ရက်နေ့တွင် ဖျားနာခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး သီးခြားလူနာအဖြစ်စစ်ဆေးခဲ့ရာ ကိုဗစ်နိုင်တင်း ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ လူနာတည်းခိုခဲ့သည့် ဟိုတယ်ပိုင်ရှင်အပါအဝင် ဝန်ထမ်း ၃၃ […]

မြိတ်ရှိ စောင့်ကြည့်ရေးစခန်းများတွင် တေးဂီတဖြင့် လိုက်လံဖျော်ဖြေ

diz_admin

April 9, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေး မြိတ်မြို့တွင် စခန်းသွင်း စောင့်ကြည့်ခံထားရသော ပြည်တော်ပြန်များအား တေးဂီတဖြင့် လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။ မြိတ်မြို့ရှိ အပျော်တမ်းတေးဝိုင်းများဖြစ်ကြသည့် G 2 Music အဖွဲ့၊ Golden Hill တေးဂီတအဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးတို့ ဦးဆောင်ကာ ယင်းစခန်းများသို့ ည ၇ နာရီမှ ည ၁၀ နာရီအထိ တေးဂီတများ သီဆိုကာ လိုက်လံဖျော်ဖြေ နေခြင်းဖြစ်သည်။ “အားငယ်နေသူတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ လာရောက်ဖျော်ဖြေနေတာပါ”ဟု တီးဝိုင်းခေါင်းဆောင် တစ်ဦးကပြောသည်။ မြိတ်မြို့နယ်အတွင်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ ကျောက်ဖျာကျေးရွာနှင့် မဇောကျေးရွာတို့တွင် စောင့်ကြည့်ရေးစခန်းများရှိပြီး ယင်းအဖွဲ့အနေဖြင့် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညဆက်တိုက် ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ ဧပြီလ ၉ ရက်နေ့ ညတွင် မြိတ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ ဓာတ်ပုံ_ကိုဆန်း

နှစ်ရက်အတွင်း မီးနှစ်ကြိမ် လောင်

diz_admin

April 9, 2020

မြိတ်ခရိုင်တွင်နှစ်ရက်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ပုလောမြို့နယ်ပလောက်မြို့ အမှတ် ၁ ရပ်ကွက်ရှိ ကုန်စုံပစ္စည်းများရောင်းချနေသည့် နေအိမ်တစ်ဆောင်မှ ပေါ့ဆမီးဖြင့် လောင်ကျွမ်းခဲ့ရာအနီးရှိ နေအိမ်တစ်ဆောင်ပါ ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ကျေးရွာသင်္ချိုင်းရှိ ကားတာယာပုံမှ မီးလောင်ကျွမ်းမှုတစ်ခု မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “မီးသဂြိုလ်စက်နဲ့ ခပ်လှမ်းလှမ်း မှာဖြစ်တာပါ”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။ မီးလောင်ကျွမ်းမှုတို့တွင် လူများထိခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ အဆိုပါ မီးလောင်မှုများအတွက် အမှုဖွင့်အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မြင့်မိုရ်(မြိတ်)

စည်းကမ်းမလိုက်နာသည့်ခရီးသည်ယာဉ်အား အရေးယူရေးတင်ပြမည်

diz_admin

April 9, 2020

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းအားလိုက်နာခြင်းမရှိသည့် ခရီးသည်ယာဉ်လိုင်းအား အရေးယူရေးတနင်္သာရီတိုင်းအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးရှိနေပြီဖြစ်ကြောင်း အစိုးရကထုတ်ပြန်ပြီးနောက်ပိုင်း ကြိုတင်ကာကွယ်သည့်အနေဖြင့် မြိတ်သို့လာရောက်ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများအား ယာဉ်ပေါ် ပါခရီးသည်အားလုံးကို နေရပ်လိပ်စာအပြည့်အစုံရေးသွင်းတင်ပြရန် ယာဉ် လိုင်းများကို ယင်းကော်မတီမှ ညွန်ကြားထားသည်။ သို့သော် ရန်ကုန်မှမြိတ်မြို့သို့ မတ်လ ၃၀ရက်က ဝင်ရောက်လာသည့် မန္တလာမင်းယာဉ်သည် နိုင်ငံခြားသား ၃ ဦးကိုတင်ဆောင်လာပြီး “တိုးရစ်” (နိုင်ငံခြားခရီးသွား) ဟုသာ ရေးသားထားပြီး အမည်နေရပ်လိပ်စာထည့်သွင်းရေးမထားသဖြင့် စည်းကမ်းဖောက်ဖျက် မှုကို အရေးယူရေးတင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။ “ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အရေးယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမယ်”ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ ပေးခဲ့သည့်ခရီးသည်စာရင်းတွင် နိုင်ငံခြားသား ၃ ဦး၏အမည်၊ […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ရက် ထပ်မံတိုးမြှင့်

diz_admin

April 9, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်၊ မောတောင်ဂိတ်နှင့် ထိုင်းနိုင်ငံစင်ခွန်းအထူး ယာယီနယ်စပ်ဂိတ် (မောတောင်-စင်ခွန်းဂိတ်)မှ ဝင်/ထွက်သွားလာမှုပိတ်ခြင်းကို ဧပြီလ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်၊ နှိမ်နင်း၊ တားဆီးရေးအတွက် မတ်လ ၂၁ ရက် မှစပြီး ဧပြီလ ၃ ရက်အထိ မောတောင် – စင်ခွန်းနယ်စပ်ဂိတ်ကို ယာယီပိတ်ထားခဲ့ရာမှ ယခုကဲ့သို့ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ စင်ခွန်းအထူးယာယီနယ်စပ်ဂိတ်မှ လူ၊ ယာဉ်များနှင့် ပစ္စည်းများ ဝင်/ထွက် သွားလာမှုအား ဧပြီလ ၃၀ ရက်အထိ ရက်ထပ်တိုးမြှင့်ပိတ်ထားကြောင်းကို ထိုင်းနိုင်ငံကလည်း ဧပြီလ ၃ ရက်က စာထုတ်ပြန်ထားကြောင်းသိရသည်။ ယင်းကဲ့သို့ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ […]