မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်
diz_admin
May 25, 2020နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးသန်းစိုးက ပြောသည်။ “လူသုံးရာလောက်ရှိတဲ့ရွာ အရင်ကတစ်ရက်တည်း ထုတ်ချေးနေရာက အခုဆိုသုံးရက်လောက် လူစုခွဲပြီး ထုတ်ချေးနေရတယ်။ ဒါကြောင့် နည်းနည်းလေး ပိုပြီးကြန့်ကြာသွားမယ့် သဘောရှိတယ်” ဟု ၎င်းက ပြောသည်။ ထုတ်ချေးရာတွင်လည်း တောင်သူတစ်ရာလျှင် နံနက်နှင့် ညနေ နှစ်သုတ်ခွဲကာ ထုတ်ချေးပေးနေရကြောင်း သိရသည်။ ယခင်က မိုးစပါးချေးငွေကို ရုံးတွင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျယ်ဝန်းသည့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်နေရသည်။ မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ […]


