ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရေး လွှတ်တော်တွင် မေး
diz_admin
February 5, 2020မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်း၏ အနောက်ဘက် နှင့်တဆက် တည်းရှိ ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာအား ကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ မရှိကို မြိတ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား/သူ ၁၄၀၀ ဦးကျော်အား စာသင်ဆောင် ၅ ဆောင်၊ စာသင်ခန်း ၂၈ ခန်းဖြင့်သာ ပညာသင် ကြားနေရသဖြင့် စာသင်ခန်းအချိုး မျှတ မှုမရှိသည့်အတွက် တစ်နေ့လျှင် စာသင်ချိန် […]


