ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်လေတပ်စခန်းဌာနချုပ်တွင် အမျိုးသမီး ၅ ဦး မိုးကြိုးထိမှန် သေဆုံး

diz_admin

June 8, 2020

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာနှင့် ကပ်လျက်ရှိ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခံမှုကြောင့် အမျိုးသမီးငါးဦးသေဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် အမှတ် ၇၂ လေယာဉ်အုပ်စုမှ ဌာနချုပ်မှူးဒိုင်း တပ်တွင်း ဖူဆယ်ဘောလုံးပြိုင်င်ပွဲပြုလုပ်နေစဉ် ဘော်လုံးပွဲအားကြည့်ရှုအားပေးနေကြ သည့် အမျိုးသမီး ၁၂ ဦးအား မိုးကြိုးပစ်ခတ်မှုခံရကြောင်း လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်တင်တင်ချိုက ပြောသည်။ မိုးကြိုးထိသည့် အမျိုးသမီး ၁၂ ဦးအနက် အသက် ၄ နှစ်ရှိ မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးငါးဦးသေဆုံးခဲ့ရပြီး ကျန်ခုနှစ်ဦးအား အမှတ် ၅၊ တပ်မတော်စစ်ဆေးရုံ ကုတင် ၁၀ဝ တွင် ဆေးကုသမှုခံယူနေရကြောင်း […]

သမုတ် – လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန် ပြီးမည်

diz_admin

June 8, 2020

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်သမုတ်ကျေးရွာနှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းတံတားတည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။ သမုတ်-လွတ်လွတ် မြစ်ကူးတံတားအား ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်း စတင်ဆောက်လုပ်ခဲ့ပြီး တံတားအရှည်မှာ ၁၂၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေနှင့် တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ရှိကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။ အချောသပ်အနေဖြင့် တံတား၏ချဉ်းကပ်လမ်းများအား ဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိတွင် မြိတ်-ထားဝယ်-ရန်ကုန် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများမှာ တောင်အတက်အဆင်း လမ်းအကွေ့အကောက်များသည့် ရှောင်ကွင်းလမ်းမကြီးအား အသုံးပြုနေကြသည်။ သမုတ်-လွတ်လွတ် မြစ်ကူးတံတားပြီးစီးပါက ရှောင်ကွင်းလမ်းမှမောင်းရသည့် ခရီးမိုင် ဆယ်မိုင်ခန့် သက်သာသွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ သိရသည်။ ထို့ပြင် […]

စည်းကမ်းဖောက်ဖျက်သည့် လှေဦးစီးနှင့် ငါးဆရာများကိုပါ အရေးယူရန်ပြော

diz_admin

June 8, 2020

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာ၌ စည်းကမ်းဖောက်ဖျက်ကာ ငါးဖမ်းသည့်လှေဦးစီး(ပဲ့နင်း)နှင့် ငါးဆရာများကိုပါ အရေးယူပေးရန် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။ ပင်လယ်ပြင်အတွင်း စည်းကမ်းဖောက်ဖျက်ကာ ကမ်းဝေးလှေများမှကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်းခြင်းများရှိခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်သည့်အခါ လှေရှင်များတွင်သာဒဏ်ရိုက်ခံရပြီး လှေဦးစီး(ပဲ့နှင်းနှင့် တာဝန်ရှိသူငါးဆရာများ လွတ်မြောက်နေသည့်အတွက် ယင်းတို့ကိုပါ အပြစ်ဒဏ်ပေးရန် ဦးလှသန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “လှေရှင်တွေအနေနဲ့ကမ်းနီးမှာ ဝင်ဆွဲဖို့ မမှာပါဘူး။ ဖြစ်လာရင်တော့ လှေရှင်တွေမှာ သုံးလခြောက်လနားရပြီး ဒဏ်ရိုက်ခံရတယ်။ ဒီတော့လှေရှင်တွေကို အပြစ်ဒဏ်ပေးသလို ပဲ့နင်းတွေကိုလည်း အပြစ်ဒဏ်ပေးမှ အကုန်ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်” ဟု ဦးလှသန်းက ပြောသည်။ ငါးဖမ်းရာတွင် ပြစ်မှုကျူးလွန်ကြသည့် ပဲ့နင်း၊ ငါးဆရာနှင့် အလုပ်သမားခေါင်းဆောင်တို့အား အရေးယူရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး လောလောဆယ် အကောင်အထည်မဖော်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး ဦးသံချောင်းက […]

မြိတ်-ရန်ကုန် ခရီးသည်ယာဉ်လိုင်း စဖွင့်

diz_admin

June 8, 2020

ကိုဗစ်ကပ်ဘေးကြောင့် နှစ်လအကြာရပ်နားထားရသည့် မြိတ်နှင့် ရန်ကုန် ခရီးသည်ယာဉ်လိုင်းများအား လူတစ်ဦးလျှင် ထိုင်ခုံနှစ်လုံးစနစ်ဖြင့် စတင်သွားလာခွင့်ပြုလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းအသင်းများထံမှ သိရသည်။ မြိတ်နှင့် ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ခရီးသည်များပို့ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန်လ ၅ ရက်နေ့မှ စတင်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ယာဉ်လိုင်းအသင်းတာဝန်ခံများက ပြောသည်။ ယာဉ်ပြေးဆွဲရာတွင် ခရီးသည် ၄၅ဦးဆန့်သည့် ယာဉ်တစ်စီးလျှင်၂၂ ဦးဖြင့် ထက်ဝက်သာ တင်ဆောင်ခွင့်ပြုထားကြောင်း ရွှေဝယ်သူဂိတ်မှူး ကိုပြည့်စုံအောင်က ပြောသည်။ “ထိုင်ခုံနှစ်လုံး လူတစ်ယောက်နှုန်းနဲ့သာ တင်ဆောင်ခွင့်ပြုထားပါတယ်” ဟု ၎င်းကပြောသည်။ယင်းအတွက် ယခင်ကမြိတ်မှ ရန်ကုန်သို့ လက်မှတ်တစ်စောင် ၂၃၅၀ဝ ကျပ် ကျသင့်ရာမှ ယခုအခါ ၃၃၅၀ဝ ကျပ်သို့ တိုးမြှင့်ရောင်းချရန်ခွင့်ပြုထားသည်ဟု ကိုပြည့်စုံအောင်က ပြောပြသည်။ “ခရီးသည်တွေက ဈေးနှုန်းပိုသွားတဲ့ အပေါ် စောဒက မတက်ကြပါဘူး။ သူတို့လည်း ဒီအခြေအနေကိုနားလည်ကြတယ်” ဟု […]

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှု ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဟုဆို

diz_admin

June 8, 2020

မြိတ်ခရိုင် တနင်္သာရီမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန်သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည်ဆိုသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ ဥပဒေအကြုံပြုချက် တောင်းရန် စီစဉ်နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါအမှုကို စတင်တရားစွဲဆိုထားသည်မှာ သုံးလကျော်ကြာပြီ ဖြစ်သည်။ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားသည့် တရားစွဲဆိုခံထားရသူ၏ ဖုန်းစစ်ဆေးချက်များအား ပြီးခဲ့သည့်ရက်ပိုင်းက ရရှိသည့်အတွက် ဥပဒေအကြုံပြုချက် တောင်းရန်စီစဉ်နေကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းမှတာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ ဥပဒေအကြုံပြုချက်တောင်းပြီးနောက် တရားရုံး၌ တရားစွဲဆိုခွင့်ပြုချက်ရရှိစေရန်အတွက် သက်ဆိုင်ရာဌာနအဆင့်ဆင့်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်သောကြောင့် တရားစွဲဆိုခွင့်ပြုချက်ရမည့် အချိန်အားအတိအကျပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ပြောပြသည်။ “ပြောလို့‌တော့ မရဘူး၊ အဆင့်ဆင့် တင်ရတာကိုး” ဟု အထက်ပါ တာဝန်ရှိရဲတပ်ဖွဲ့ဝင် ပြောသည်။ အဆိုပါအမှုအား ပြီးခဲ့သည့် […]

နိုင်ငံအဆင့် သန့်ရှင်းစိမ်းလန်း စိုပြည်ကျောင်းဆု ကျွန်းစု အ.ထ.က ဆွတ်ခူး

diz_admin

June 8, 2020

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု ကို ကျွန်းစုမြို့ ပထက်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းက ဆွတ်ခူးခဲ့ ကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award) အားချီးမြှင့်ခြင်း ဖြစ်သည်။ အဆိုပါဆုအတွက် ပါဝင်ယှဉ်ပြိုင် သော ကျောင်းပေါင်း ၂၉ ကျောင်းရှိ သည့်အနက် အခြေခံပညာမူလတန်း ကျောင်း လေး‌ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတို့ မှာ ဆုရရှိခဲ့ကြကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လူမှုကွန် […]

VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

diz_admin

June 8, 2020

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက် ဆိုက်ကပ်ထားကြပြီ ဖြစ်သည်။ ယင်းသို့ ဆိုက်ကပ်ထားချိန်တွင် လည်းVMS ခြေရာခံစနစ် ဖွင့်ထားရမည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ကမ်းကပ်ထားသည့်ရေယာဉ် များအား ဇွန်လ ၁ရက်မှနေ့မှစ၍ စောင့် ကြည့်ရေး စင်တာများမှ စောင့်ကြည့် ကာ စက်ပိတ်ထားသည့်လှေများအား အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်း ဦးစီးမှူး ဦးသံချောင်းက ပြောသည်။ “ငါးလတိုင်တိုင် ကျွန်တော်တို့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်တဲ့စည်း […]

မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

diz_admin

June 1, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ တောလမ်းအတိုင်းဖြတ်သန်းကာ မောတောင်သို့ ပို့ဆောင်မှုများရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ “ခိုးလမ်းကနေ တက်လာတာ အတော်အန္တရာယ်များတယ်။ တက်လာတဲ့သူရော သူ့နေရပ်ရော မိသားစုအတွက်ပါ အန္တရာယ်များတယ်” ဦးအောင်ကျော်ဟိန်းက ပြောသည်။ ယင်းကဲ့သို့ ကိုဗစ်ကာလအတွင်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြပြီး နေရပ်သို့ပြန်လည်ရောက်ရှိသည့် ဦးရေမည်မျှရှိမည်ကိုမူ မသိနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ မေလ ၁၂ ရက်နေ့က တရားမဝင်လမ်းကြောင်းမှဝင်လာသော ရွှေ့ပြောင်းအလုပ်သမားတွင် ကိုယ်အပူချိန်မြင့်မားနေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ထားသည်။ မောတောင်နယ်စပ်တစ်လျှောက်တွင် တရားမဝင်လမ်းကြောင်းမှာ နေရာအများအပြားရှိနေကြောင်း […]