မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ
diz_admin
June 30, 2020ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။ “လူတစ်ရာမှာ နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲလာပြီး တည်းခိုသူတွေရှိတော့တယ်။ တော်တော်လေးလျော့သွားတယ်” ဟု မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြစည်းစိမ် ဟိုတယ်ပိုင်ရှင် ဦးကျော်သူနိုင်က ပြောသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မြိတ်မြို့သို့ ပြည်တွင်းပြည်ပခရီးသည် နေ့စဉ်လူတစ်ရာနီးပါးခန့် လာရောက်ကြပြီး အချို့ခရီးသည်များသည် ကျွန်းခရီးစဉ်များသို့ သွားရောက်လည်ပတ်လေ့ရှိကြ သည်။ သို့သော်ယခုအချိန်တွင်တော့ ယင်းခရီးသည်များမလာကြတော့ဘဲ လုပ်ငန်းကိစ္စဖြင့် မဖြစ်မနေလာရောက်ကြသည့် ခရီးသည်များသာ တည်းခိုနေကြကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့်ဧည့်ရိပ်သာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျောက်စိမ်းက ပြောဆိုသည်။ ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ် ပွားနေခြင်း၊ […]


