အချည်းနှီး မြိတ်မြို့ ပြစီမံကိန်းမှ တောင်သူဒုက္ခ
diz_admin
July 13, 2020မိုးရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် တစ်နိုင်လုံးရှိလယ်စိုက်တောင် သူများ အစိုးရမှထုတ်ချေးသည့် မိုးစပါး ချေးငွေများရရှိကာ လယ်ယာစိုက်ပျိုးရန် လုပ်ငန်းခွင်သို့ ဝင်ရောက်နေကြပြီဖြစ်သည်။ အစိုးရမှ လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လူတစ်ဦးလျှင် ဆယ်ဧကအထိ တစ်နိုင်ငံလုံးရှိ လယ်သမားများကို နှစ်စဉ်ထုတ်ချေးလျက် ရှိသည်။ သို့သော် အစိုးရ ထုတ်ချေးသည့် ချေးငွေမရသဖြင့် လယ်မလုပ်နိုင်ဘဲ လွန်ခဲ့သည့် ၁၆ နှစ်ကတည်းက ယနေ့အထိ ရပ်နားထားရသည့် တောင်သူလယ်သမားများ မြိတ်မြို့နယ်၊ ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာအုပ်စုတွင် ရှိနေကြဆဲ ဖြစ်သည်။ မြိတ်တစ်ဖက်ကမ်းရှိ ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာအုပ်စုအား မြို့ပြစီမံကိန်းအဖြစ် ဖော်ဆောင်ရန် ၂၀၀၄ ခုနှစ်မှစ၍ အစိုးရမှ သိမ်းဆည်းခဲ့ပြီးနောက် ယနေ့အချိန်အထိ လယ်သမား တစ်ထောင်ကျော်ခန့်မှာ အစိုးရ ထုတ်ချေးသည့် မိုးစပါးစိုက်ပျိုးစရိတ် မရရှိကြတော့။ မြို့ပြစီမံကိန်းအဖြစ်ပြုလုပ်ရန် […]


