တရားမဝင် ငါးဖမ်းဆီးမှု စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုမည်
diz_admin
July 21, 2020မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းနီးရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုများကို စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးထံမှ သိရသည်။ ဒိန်းမတ်နိုင်ငံမှ ကူညီပံ့ပိုးထားသည့် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း အစီအစဉ်အရ တနင်္သာရီတိုင်းအတွက် ကင်းလှည့်ရေယာဉ်တစ်စီးကို ပံ့ပိုးခြင်းဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။ အဆိုပါ ကင်းလှည့်ရေယာဉ်ကို ကိုဗစ်ကာလပြီးပါက ရေချပြီး ငါးလုပ်ငန်း ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကင်းလှည့်စစ်ဆေးမည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ကင်းလှည့် ရေယာဉ်သည် အလျား ၃၄ ပေကျော်၊ အနံ […]


