တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိ
diz_admin
August 11, 2020မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ တဖြည်းဖြည်း မြင့်တက်လာနေသဖြင့် သြဂုတ်လ ၆ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။ လေပြင်းကြောင့် မြိတ်တွင် လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီး တနင်္သာရီမြစ်ရေမှာ သြဂုတ်လ ၃ ရက်နေ့က ၁၁ ပေ ၆ လက်မရှိရာမှ သြဂုတ် ၆ ရက်နေ့ ညနေခြောက်နာရီ အချိန်တွင် စိုးရိမ်နေအမှတ်ဖြစ်သည့် ၁၇ ပေအထိ မြင့်တက်ခဲ့ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ မြစ်ရေ မြင့်တက်မှုနှင့်အတူ မိုးရေနှင့် တောင်ကျရေများကြောင့် မြို့ပေါ် […]


