မလိကျွန်း ပုလဲကုမ္ပဏီ ဝန်ထမ်းများ လုပ်ခလစာ လနှင့်ချီ မရ
diz_admin
August 25, 2020မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိကျွန်းရှိ ပုလဲကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းအများစုမှာ လနှင့်ချီကာ လုပ်ခလစာ မရရှိကြသေးကြောင်း အဆိုပါ ဝန်ထမ်းများထံမှ သိရသည်။ အကွာဂိုးလ် (Aqua Gold Co.Ltd ) ပုလဲမွေးမြူရေးကုမ္ပဏီတွင် လက်ရှိလုပ် ကိုင်နေကြသည့် ဝန်ထမ်း နှစ်ဆယ်ဦးခန့်ရှိပြီး အားလုံးနီးပါးသည် လွန်ခဲ့သည့် ငါးလခန့်မှစ၍ လက်ရှိ အချိန်အထိ လုပ်ခလစာ မရရှိသေးခြင်း ဖြစ်သည်။ “တစ်လလာလည်း ပေးမယ်ပေးမယ်နဲ့ ခုချိန်အထိ မရှင်းပေးသေးဘူး” ဟု ယင်းကုမ္ပဏီတွင် လှေမောင်းစက် ဆရာ လုပ်ခဲ့သည့် ကိုစိုးမင်းသူက ပြောသည်။ ၎င်း၏လစာမှာ တစ်လကျပ် တစ်သိန်းကိုးသောင်းခွဲဖြစ်ပြီး ကုမ္ပဏီထံမှရရန်မှာ အနည်းဆုံး ကျပ်ဆယ်သိန်း ဝန်းကျင်ရှိသည်ဟု ဆိုသည်။ ကိုစိုးမင်းသူသည် လုပ်ခလစာမရသည့်အတွက် သြဂုတ်လ ၁၂ ရက်နေ့ တွင် […]


