သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ်
diz_admin
September 2, 2020မြစ်အတွင်း သဲစုပ်ခြင်းကြောင့် ကမ်းပါးထပ်ပြိုမည်ကို ရွာခံများစိုးရိမ် နေကြသည်။မြိတ်မြို့၊ ကျွဲကူး-ကျောက်ဖြာ မြစ်အတွင်း လွန်ခဲ့သည့် တစ်လခန့်မှ စတင်ကာ အနည်းဆုံး လှေခုနစ်စီး ဝန်းကျင်က နေ့စဉ်သဲစုပ် နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ ယင်းသို့ သဲစုပ်ခြင်းကြောင့် ရေမြစ်ကြီးရွာအဝင် တောင်ပတ်လမ်း မြစ်အတွင်းသို့ ပြိုကျခဲ့ရပြီး လမ်းပြန်လည် ဖောက်လုပ်ခဲ့ရကြောင်း ယင်းရွာသား များကပြောသည်။ ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ “ရွာအဝင်မိန်းလမ်း တစ်ခုလုံး မြစ်ထဲပြိုကျဖူးတော့ အခုလည်း စိုးရိမ် နေရတယ်” ဟု ရေမြစ်ကြီးရွာသား ဦးမြင့်စိုး က ပြောသည်။ ရေမြစ်ကြီးရွာသည် ကျောက်ဖြာ မြစ်ကမ်းနံဘေးတွင် တည်ရှိသည့် ရွာဖြစ်ပြီးရွာအဝင် အဓိကလမ်းကို မြစ်ကမ်းနံဘေး တောင်ကမ်းပါးတွင် ဖောက်လုပ်ထားသည်။ ရရှိသည့်သဲများကို ရေမြစ်ကြီးရွာအနီး မိကျောင်းတက်ရွာပိုင် ဆယ်ဧက ခန့်ရှိ […]


