ဆီအုန်းကုမ္ပဏီ မြေယာလျှောက်ထားမှု ဒေသခံများ ကန့်ကွက်
diz_admin
March 12, 2020ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုမှ မြေယာလျှောက်ထားမှုကို ဒေသခံများ က ကန့်ကွက်ခဲ့ကြသည်။ ဆီအုန်းစိုက်သည့် MSPP ကုမ္ပဏီ ဦးအောင်အောင်ဖြိုး၏ အမည်ဖြင့် တနင်္သာရီမြို့နယ်၊ သရဘွင်ကျေးရွာ အုပ်စုနှင့် ကော့မပြင်းကျေးရွာအုပ်စု အတွင်းရှိ မြေယာဧက တစ်သောင်းအား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် လျှောက်ထားခဲ့သည်။ လျှောက်ထားသည့် မြေယာအတွင်း ဒေသခံ ၄၃ ဦးမှ လုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံမြေ ဧက ၈၀ဝ ကျော် ပါဝင်နေသည့်အတွက် ဒေသခံများမှ ကန့်ကွက်စာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ကန့်ကွက်လာခြင်းကြောင့် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကုမ္ပဏီတာဝန်ရှိသူနှင့် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ ကို ခေါ်ယူ၍ တွေ့ဆုံညှိနှိုင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ သည်။ ယင်းတွေ့ဆုံပွဲအတွင်း နှစ်ဘက် အသံများအား […]