တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော
diz_admin
September 18, 2020တနင်္သာရီမြို့နယ်၏ လူထုလိုအပ်ချက်မှာ မြင့်မားသည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။ အဆိုပါမြို့နယ်အတွင်း လူထုစစ်တမ်း တစ်စောင်ကို ပြီးခဲ့သည့်အပတ်က ကောက်ယူခဲ့ပြီးနောက် ယင်းစစ်တမ်း ကိုအခြေခံကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ စစ်တမ်းအရ လူထု၏ လိုအပ်ချက်များမှာ လျှပ်စစ်မီးက ပထမဖြစ်ပြီး သောက်သုံးရေက ဒုတိယဖြစ်သည်။ ထို့ အပြင် ဆေးရုံဆေးခန်းနှင့် ပညာသင်ကြားရေးအတွက် ကျောင်းဆောင်များ စသည့် အခြေခံလိုအပ်ချက်များ ဖြစ်သည်။ အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း နှစ်ဆယ့်တစ်အုပ်စုနှင့် ကျေးရွာပေါင်း နှစ်ရာနီးပါးရှိကာ အများစု သည် မိရိုးဖလာ ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။ “ကျေးရွာပေါင်း နှစ်ရာပတ်ဝန်းကျင်မှာ ဆေးရုံလို့ ပြောလို့ရတာ သုံးရွာ ပဲရှိတာကို တွေ့ရတယ်” ဟု […]


