ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ ရောက်လာသူ ၃၄ဦး စောင့်ကြည့်ရေးစခန်းတွင် ထားရှိ
diz_admin
March 30, 2020ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ရောက်ရှိ လာသူအမျိုးသားအမျိုးသမီး ၃၄ ဦးအား စောင့်ကြည့်ရေးစခန်းတွင်ထားကာ စောင့်ကြည့်လျက်ရှိကြောင်းမြိတ်ခရိုင် COVID ၁၉ ကာကွယ်ရေးပူးပေါင်း ကော်မတီနှင့်ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့မှတစ်ဆင့် မတ်လ၂၆ရက် နံနက်ပိုင်းတွင် မြိတ်မြို့သို့ရောက်ရှိလာသည့် ၎င်းတို့ကို စောင့်ကြည့်ရေးစခန်းအဖြစ်ပြုလုပ်ထားသည့် ကလွင်ကျေးရွာအုပ်စု၊ အေးရိပ်ချောင် သာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ထားရှိကြောင်း ကလွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောကြားသည်။ ရောက်ရှိလာသည့်ခရီးသည် ၃၄ဦးအနက်၂၄ဦးသည် မြိတ်မြို့နေသူများဖြစ်ပြီး ကျန်၁၀ဦးသည်ကျွန်းစုမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကာလက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိနေသည်ဟု ၎င်းက ဆိုသည်။ “ဘယ်နှရက်လောက်ထားမလဲဆိုတာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဆေးရုံအုပ်ကြီးတို့ အစီအမံနဲ့ သူတို့ကျန်းမာရေးအပေါ်မူတည်ပြီးတော့ ဆောင်ရွက်သွားမယ်”ဟုဦးရန်နိုင်စိုးက ပြောသည်။ စောင့်ကြည့်ခရီးသည်များအနေဖြင့် ကျန်းမာရေးစိတ်ချရသည့်အနေအထား တစ်ခုရောက်လျှင်သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ပြန်လည်အပ်နှံသွားရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ မြိတ်မြို့အဝင်အထွက် လမ်းကြောင်းများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်များထားရှိပြီးလက်ရှိအချိန်တွင် စောင့်ကြည့်ရေးစခန်းအဖြစ် ကလွင်ကျေးရွာအုပ်စုရှိ အေးရိပ်ချောင်သာသနာ့ရိပ်သာတစ်ခုသာရှိသေးပြီး […]