ကျွဲကူး ထွန်တုံး တိုက်ပွဲ
diz_admin
June 1, 2020ထွန်တုံးတိုက်ပွဲ ဝင်ကြသည့် တောင်သူနှစ်ဦး တရားစွဲခံကြရသည်။ မေလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရည် ရပ်ကွက်အတွင်းရှိ လယ်မြေများအတွင်း မူလပိုင်ရှင်များက ၎င်းတို့လယ်ယာ မြေအား ပြန်လည်စိုက်ပျိုးရန် ခြံတိုင် များအား နုတ်ပစ်ကာ ဝင်ရောက် ထွန်ယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ပြီး သုံးရက်အကြာ တရားစွဲခံရသည်။ မြိတ်ခရိုင်ကိုဗစ်နိုင်တင်း ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မြိတ်မြို့ နယ်ပြည်သူ့ကျန်းမာရေးမှူး (ကိုယ်စား) တာဝန်ခံ ဖြစ်သူ ဒေါက်တာဇင်ကိုအောင် က ဘေးအန္တရယ် ထိန်းချုပ်ကာကွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း ထွန်တုံးတိုက်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးသန်းအောင်က ပြောသည်။ ဦးသန်းအောင်နှင့် အခြား တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးတို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ယင်းနောက် မေ ၂၇ […]