CDM ပြုလုပ်သည့် ကျွန်းစုမြို့ ရပ်/ကျေးထွေအုပ် စာရေးကိုးဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
diz_admin
February 24, 2021မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်/ကျေးထွေအုပ်စာရေး ကိုးဦးအား အာဏာဖီဆန်ရေး အလုပ်မဆင်း ဆန္ဒပြ (CDM) ခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ နိုင်ငံဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်ပေါ် တွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုး ပြပြီး လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင် ပတ်သက်နေမှု နှင့် စပ်လျဉ်းကြောင်း ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးက ထုတ်ပြန်ထားသည့် ရုံးအမိန့် စာတွင် ရေးသားထားသည်။ အဆိုပါ ဝန်ထမ်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ(က) နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ […]


