လမ်းကျူး ဈေးဆိုင်များအား စတင်အရေးယူ
diz_admin
January 13, 2020အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲသူများနှင့် ရေမြောင်းအဖုံးပေါ်တို့တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင် ဥပဒေဖြင့် ဇန်နဝါရီလလ ၆ ရက်က စတင်အရေးယူခဲ့ကြောင်း တနင်္သာရီ မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ယင်းကဲ့သို့ အရေးယူမည့်အကြောင်း နှင့် ဇန်နဝါရီလ ၅ ရက် နောက်ဆုံး ထားပြီး မိမိတို့ပိုင် နယ်နိမိတ်အတွင်းတွင် ရောင်းချသွားကြရန် စာဖြင့် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောပြသည်။ “ပထမအကြိမ်အနေနဲ့ ဒဏ်ငွေ သုံးသောင်းနဲ့ အရေးယူခဲ့တယ်” ဟု ဦးမင်းဝေက ပြောသည်။ လက်ရှိတွင် တနင်္သာရီမြို့မရဲစခန်း အရှေ့လမ်းရှိ နေအိမ်နှင့် ဆိုင်ခန်း စုစုပေါင်း ၁၇ ဆိုင်အား အရေးယူခဲ့ပြီး ကျန်လမ်းများကိုလည်း စာဖြင့်အသိပေး အကြောင်းကြားထားပြီးဖြစ်ပြီး […]