မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်
diz_admin
March 11, 2021မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရကြောင်း ပါတီ ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့နယ် အလုပ်မှုဆောင် ဦးစိုးလင်း၊ ကဗျာဆရာ နရီ (မြိတ်)၊ တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦး နှင့် မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးစိုးမြင့်တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးစိုးမြင့်မှာ ပါတီ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှစ၍ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ပါတီတာဝန်ရှိသူ ကပြောပြသည်။ “ဉီးစိုးမြင့်ကိုတော့ တပ်ပြင်ဈေးနားမှာ အဖမ်းခံရတယ်လို့ သိရတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ […]


