မီးဆက်ပျက်နေလျှင် ယခင်ကဲ့သို့ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ပြန်သွားရန်တိုက်တွန်းမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
diz_admin
September 30, 2020မြိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် မကြာခဏဖြစ်ပေါ် နေသဖြင့် ဆက်လက်သည်းမခံနိုင်တော့ပါက ကိုယ့်အားကိုယ်ကိုးစနစ်ကို ပြန်လည်ကျင့်သုံးရန် စဉ်းစားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောဆိုသည်။ လက်ရှိတွင် မြိတ်မြို့အား Petro & Trans ကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ စက်တင်ဘာလ ၂၂ ရက်နေ့က လွတ်တော်ကိုယ်စားလှယ်များသည် ယင်းကုမ္ပဏီတာဝန်ရှိသူနှင့် သွားရောက် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပေါက်တိုင်းချောင်းအတွင်း ခွင့်ပြုချက်မဲ့ သဲကျောက်ထုတ်သူ ဖမ်းခံရ Petro & Trans ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ မြိတ်မြို့အား လျှပ်စစ်ဖြန့်ဖြူး ခြင်းလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ စတင် တာဝန်ယူခဲ့ချိန်မှ စ၍ ယနေ့အထိ […]