ရှေးဟောင်းရိုးရာ တနင်္သာရီ နဂါးလှေလှော်ပွဲတော်အား ကိုဗစ်အခြေ အနေကြည့် စီစဉ်မည်
diz_admin
October 15, 2020မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ရိုးရာနဂါးလှေ လှော်ပွဲတော်အား ယခုနှစ်တွင် ကျင်းပရန်မှာမူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအား စောင့်ကြည်နေရကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီထံမှ သိရသည်။ ယခုနှစ်တွင် ကျင်းပမည့် ၈၆၇ ကြိမ်မြောက် ရိုးရာနဂါးလှေလှော်ပွဲပြုလုပ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုနှုန်းမြင့်မားနေသည်နှင့် ကြုံကြိုက်နေရခြင်း ဖြစ်သည်။ “ပိုးတွေဘာတွေမရှိတော့ဘူးဆိုရင် အဆင်ပြေသွားနိုင်တယ်” ဟု စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း က ပြောသည်။ ကိုဗစ်ကြောင့် ပြန်ပေါ်လွင်လာသည့် ခေါသရပ်ပွဲ၏ အနှစ်သာရ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေပါက နဂါးဖောင်များအား ရေမျှောခြင်း၊ ကန်တော့ပွဲပြင်ခြင်းတို့ကို လူအနည်းငယ်ဖြင့် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောပြသည်။ ရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲ ကျင်းပရေးအတွက် ကိုဗစ်အခြေအနေအား […]