ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်
diz_admin
July 10, 2021မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်လာရတာကြောင့် အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ တပ်ကောင်စီ က ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ၁၃၅၀ ကျောင်းကိုဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသားတစ်သိန်းနီးပါးခန့် ကျောင်းတက်နေကြသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။တိုင်းအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် ပုလောမြို့၊ အ.ထ.က(၂) စာသင်ကျောင်းရှိ Grade-1 နှင့် Grade-7 မှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။ “ကျောင်းသားကလေးနှစ်ယောက်မှာတော့ကိုဗစ်ဖြစ်တယ်ဆိုပြီး စာရင်းထဲတွေ့တာ၊ ဆရာ၊ ဆရာမတွေမှာတော့ မဖြစ်ဘူး”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။ တနင်္သာရီတိုင်းတွင် ယမန်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ ၈၀ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက […]


