ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား
diz_admin
July 24, 2021ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မားနေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ “အမြန်ရေယာဉ်က နားထားတယ်။ စက်လှေက ပုံမှန်အတိုင်းသွားနေရတယ်” ဟု ကျွန်းစုမြို့ အမှတ် ၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ အမြန်ရေယာဉ်တို့ရပ်နားသော်လည်း မြိတ်မှ ကျွန်းစုမြို့သို့ လူဆယ်ဦးခန့် တင်ဆောင်သည့် ကုန်တင်သစ်သားစက်လှေမှာနေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ယခင်က မြိတ်မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ် သုံးစီးကို အလှည့်ကျစနစ်ဖြင့် နေ့စဉ် အသွားအပြန် နှစ်ခေါက် ပြေးဆွဲလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျွန်းစု၌ ကိုဗစ်ပိုးတွေ့သူ ၁၁ ဦးနှင့် […]


