ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် အောက်စီဂျင်အိုး အခမဲ့ငှား

diz_admin

August 7, 2021

မြိတ်မြို့အတွင်း အရေးပေါ်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးအခမဲ့ ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။ အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေစရာမလိုပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ကြောင်း မြိတ်မြို့ ခရူတောရပ်မှ အောက်စီဂျင်အိုးငှားပေးနေသူ ဦးစည်သူထွန်းက ပြောသည်။ ထိုသို့ငှားရာတွင် အောက်ဆီဂျင်အိုးတစ်လုံးလျှင် အချိန်တစ်ပတ်အထိ ငှားခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။ “လူနာအနေနဲ့ ထပ်ရူဖို့ လိုအပ်သေးရင် ပြန်ပြီး ငှားပေးပါတယ်” ဟု ဦးစည်သူထွန်းက ပြောသည်။ ညမထွက်ရအချိန်တွင် အောက်စီဂျင်အိုး အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့(သို့မဟုတ်)သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူလာရောက်၍ ခရူတောတောင်ပေါ် (၃)လမ်း၊အိမ်အမှတ်(၉)တွင် လာရောက်ငှါးရန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံ ခေါ်ဆို ဆက်သွယ်နိုင်ကြောင်း ဉီးစည်သူထွန်းက ပြောသည်။ ကိုဗစ်တတိယလှိုင်းအတွင်းမြိတ်ခရိုင်တွင် ကိုဗစ် ရောဂါ ကူးစက်မှုမြင့်မားလာသည်နှင့်အမျှ အောက်စီဂျင်အိုးအခမဲ့ လှူဒါန်းသည့် အဖွဲ့စည်းများလည်း ပေါ် […]

သုံးထပ်ကွမ်း ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ကွယ်လွန်

diz_admin

August 7, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်ရီသည် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ရန်ကုန်နေအိမ်တွင် ကွယ်လွန်သွားကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းမှ သိရသည်။ ဒေါ်တင်တင်ရီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုနောက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ဒေါ်တင်တင်ရီသည် တရားလွှတ်တော် ရှေ့နေတစ်ဦး ဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သည့် အချိန်ကတည်းက ပါတီဝင်ခဲ့ပြီး ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနောက် နဝတအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅ […]

မြိတ်တွင် တစ်ရက်တည်း ကိုဗစ် လူနာနှင့် သံသယရှိသူ စုစုပေါင်း ၉ ဦးသေဆုံး

diz_admin

July 30, 2021

မြိတ်မြိုတွင် ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်လူနာနှင့် သံသယရှိလူနာ ၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူများမှာ ကိုဗစ်လူနာကုသရေးစင်တာများမှမှ သံဃာ‌တော်တစ်ပါး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ရပ်ကွက်အတွင်းရှိ နေအိမ်တို့တွင် သေဆုံးသူ လေးဦး စုစုပေါင်း ကိုးဦးရှိကြောင်း မြိတ်ကိုဗစ်နိုင်တီး ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ မှ သိရသည်။ နေအိမ်အတွင်း သေဆုံးလူနာများအနက် အောက်ဆီဂျင်ပြတ်လပ်သဖြင့် အမောဖေါက်ပြီး သေဆုံးသူများရှိသဖြင့် ကိုဗစ်သံသယရှိသူတို့အဖြစ် ယူဆနိုင်ကြောင်း သေဆုံးသူများအား မီးသင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ သေဆုံးသူအများစုသည် ရောဂါအခံရှိကြသည့် အသက်ကြီးပိုင်းလူနာများဖြစ်ကြပြီး မီးသင်္ဂြိုလ်ခြင်းကို မြိတ် Covid-19 ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ နှင့် ချစ်ကြည်ရေးအသင်းတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး ဇူလိုင်လ ၂၇ ရက်နေ့က […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

diz_admin

July 29, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၃၀၂ ဦးရှိပြီး သေဆုံးသူမှာ ၄၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ တစ်ပတ်တာကာလအတွင်း ထားဝယ်တွင် သေဆုံးသူ ၂၄ ဦး၊ သရက်ချောင်းတွင် ၄ ဦး၊ ရေဖြူတွင် ၂ ဦး၊ မြိတ်တွင် ၄ ဦး၊ ပုလောတွင် ၅ ဦး၊ ကော့သောင်းတွင် ၃ ဦးရှိကြောင်း […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်းတွေ့

diz_admin

July 28, 2021

မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသူတို့မှာ အသက် ၅၀ နှစ်ကျော်ခန့် ရှိပြီး လမ်းဘေးတွင် တစ်ကိုယ်တည်းနေထိုင်သူတို့ဖြစ်ကြောင်း ကရုဏာ နာရေးကူညီမူအသင်းဝင်တစ်ဦးက ပြောပြသည်။ အဆိုပါ ပိုင်ရှင်မဲ့အလောင်း‌တွေ့ရှိသည့် နေရာတို့အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရင်ခွဲရုံသို့ပို့ဆောင်ခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းတို့အား ကရုဏာ နာရေးကူညီမူအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသယ်လှေသား တစ်ထောင်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုး

diz_admin

July 28, 2021

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ ရေလုပ်သားတစ်ထောင်ခန့်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှသိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ(ငါးကဲ့လှေ) မြိတ်ခရိုင်အတွင်း အစီးတစ်ရာနီးပါးရှိပြီး ငါးဖမ်းရာသီမစမီ ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး လက်ရှိတွင် လှေသားအားလုံးထိုးနှံခဲ့ပြီးဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဉီးသက်စိုး ကပြောသည်။ “ထိုင်းကိုသွားရောင်းနေတဲ့ လှေသားတွေကို ဉီးစားပေးပြီး ထိုးနှံပေးတာပေါ့’ဟု ၎င်းကပြောသည်။ ငါးသယ်လှေ ရေလုပ်သားများအား ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးပြီးခဲ့သော်လည်း ကမ်းဝေးငါးဖမ်းလှေသားများကိုမူ ဆေးမရရှိသေးသည့်အတွက် ထိုးပေးနိုင်ခြင်းမရှိသေးကြောင်း ဉီးသက်စိုး ကဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နှုန်းအား ကနဉီး ပင်လယ်ပြင်ငါးဖမ်းထွက်ခွာခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်လတွင် ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းကြတော့မည် ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

diz_admin

July 27, 2021

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။ မြစ်ရေများမြင့်တက်လာနေသဖြင့် မြို့တွင်းလမ်းအချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ချောင်းကြီးရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ မိုးသည်းထန်မှုကြောင့် မြစ်ရေမြင့်တက်လာနိုင်သဖြင့် ကုန်းမြင့်ရှိ နီးစပ်ရာဆွေမျိုးအိမ်တို့တွင် ပြောင်းရွေ့နိုင်ရန် စီစဉ်နေရကြောင်း အထက်ပါ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားက ပြောသည်။ ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြိုနယ်အတွင်းရှိ လယ်သစ်၊ သာရဘွင် စသည့် ကျေးရွာအချို့တွင် ချောင်းရေမြင့်တက်လာပြီး လမ်းများနှင့် တံတားတို့တွင် ရေလျှံမှုနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ […]

တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

diz_admin

July 25, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး အလျင်းသင့်ပါက တတ်နိုင်သလောက် ရောင်းချပေးရန်စီစဉ်ထားကြောင်း ဦးစိုးလွင်အောင်က ‌ပြောသည်။ ဒေသအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း ဆန်းသစ်လွင်ဆိုင်ရှင် ဦးစိုးလွင်အောင်က ပြောပြသည်။ အဆိုပါ ကြက်ဥများကို ပြင်ပမှဝယ်ယူပြီး အလှူအတန်းလုပ်သည့် အနေဖြင့် အရှုံးခံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ တနင်္သာရီမြို့နယ် အောက်ကင်းရွာ အရှေ့ဒူးရင်းတောရှိ ဆန်းသစ်လွင် ဆိုင်ခွဲ အမှတ် ၅ တွင် ယင်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆယ်လုံးစီ ရောင်းချပေးမည်ဖြစ်သည်။