BREAKING
May 1, 2025

မြိတ်

အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်း

diz_admin

January 30, 2020

မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီးရန်ကုန်ရှိ လူငယ်အသက်မွေး သင်တန်းကျောင်းတွင် အခမဲ့သင်ကြားပေးမည့်အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်းလျှောက်ထားနိုင်ပြီ ဖြစ်သည်။ ပရဟိတမောင်နှမများကွန်ရက် အနေနှင့် သင်တန်းအမှတ်စဉ် ၃ကြိမ် မြောက်မှစပြီး မြိတ်ဒေသမှသင်တန်းသားများအား အခမဲ့ပို့ဆောင်နေပြီး သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင်အတွင်းဝင်ရောက် လုပ်ကိုင်နေသူများလည်းရှိနေပြီဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောပြသည်။ ယခုအခါ သင်တန်း အမှတ်စဉ် ၉ ရှိပြီ ဖြစ်သည်။ အဆိုပါသင်တန်းတက်ရောက်ကြမည့်ရန်ကုန်မြို့နေသူများအတွက် စားစရိတ်ငြိမ်းနှင့်မြိတ်သူ^သားများအတွက် စားစရိတ်ငြိမ်းနှင့် သင်တန်းကာလအတွင်း နေထိုင်ရန်စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက် မှ မတ်လ၃၁ရက်အထိ ရတ်သတ္တပတ် ၆ ပတ်(တစ်ပတ်လျှင်၅ ရက်)အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။ မြိတ်မြို့မှ သင်တန်းတက်ရောက် သူများအနေဖြင့် ပရဟိတမောင်နှမများကွန်ရက် ဦးမင်းလွင်ဦးဖုန်း-၀၉၄၅၀၉၉ ၃၅၃၈ ထံသို့ ဖေဖော်ဝါရီလ၁၁ရက် နောက်ဆုံးထားပြီး ဆက်သွယ်လျှောက် […]

တပ်မတော်က တရားစွဲထားသည့်အမှု စာရေးဆရာ မာန်(တောင်လုံးပြန်) အပြစ်ရှိဟု အမိန့်ချ

diz_admin

January 30, 2020

တပ်မတော်က တရားစွဲဆိုထားသည့် အမှုတွင် စာရေးဆရာမာန် (တောင်လုံးပြန်)ကို ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချလိုက်ကြောင်း မြိတ်မြို့နယ်တရားရုံးနှင့် ကာယကံရှင်ထံမှ သိရသည်။ ဆရာမာန်(တောင်လုံးပြန်)သည် ၂၀၁၉ မေလ ၉ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်အား အကြည် ညိုပျက်အောင် ဟောပြောသည်ဟုဆိုကာ တနင်္သာရီတိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းဦးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းကမ်းရိုးတန်းစစ် ဌာနချုပ်က ဇွန်လ ၄ ရက်တွင် မြိတ်မြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကာ စက်တင်ဘာလ ၂၄ ရက်ကစပြီး အမှုစတင်ရင်ဆိုင်ရကြောင်း ဆရာမာန် (တောင်လုံးပြန်)က […]

အမှိုက်ခွဲပစ်ရေး ကျောင်းများတွင် ဆက်တိုက်ပညာပေးမည်

diz_admin

January 30, 2020

အမှိုက်အစို အခြောက်ခွဲပစ်နိုင်ရေး အတွက် မြိတ်မြို့ရှိ စာသင်ကျောင်းများတွင် ဆက်တိုက်ပညာပေးသွားမည် ဖြစ်ကြောင်း Clean & Green အဖွဲ့ထံ မှသိရသည်။ Clean & Green အဖွဲ့ အနေနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့၊ လောကအလင်းအဖွဲ့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်မှစတင်နေပြီး တစ်နေ့လျှင် ကျောင်းနှစ်ကျောင်းနှုန်းဖြင့် ပညာပေးလျက်ရှိကြောင်း Clean & Green အဖွဲ့၏ ဥက္ကဋ္ဌ ဦးကောက်ရိုက်က ပြောကြားသည်။ “မြိတ်ဒေသရဲ့ အနာဂတ်လှပဖို့ လူကြီးတွေထက် လူငယ်တွေကိုပဲ အားကိုးပြီး လုပ်ရတော့မယ်”ဟု ဦးကောက်ရိုက်က ပြောသည်။ မြိတ်မြို့တွင်း၌ရှိသည့် ကျောင်းပေါင်းစုံတွင် ပညာပေးမှုများ ပြုလုပ်ပြီးသည့်နောက် ရပ်ကွက်များသို့လည်း သွားရောက်ကာ ပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အမှိုက်နှင့်ပတ်သက်၍ ပညာပေးမှု […]

ကျွန်းစုတွင် မူးယစ်ဆေးသုံးစွဲမှု အလယ်တန်းကျောင်းသားအထိပျံ့နှံ့ဟု အမျိုးသားလွှတ်တော်ကော်မတီ ပြော

diz_admin

January 30, 2020

ကျွန်းစုရှိ ကျေးရွာအချို့တွင် အလယ်တန်း ကျောင်းသားအဆင့်အထိ မူးယစ်ဆေးဝါး ဝင်ရောက်ပျံ့နှံ့နေသည်ကို သိရှိရကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။ အထက်ပါ ကော်မတီက ကျွန်းစုမြို့နယ်ကျေးရွာများရှိ ကျားဖောင်(ကျားပါးစပ်) လုပ်ငန်းများသို့ ဇန်နဝါရီလ တတိယပတ်အတွင်းက သွားရောက်စစ် ဆေးပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၂၀ ရက်က သွားရောက် ခဲ့သည့်ကျွန်းစုမြို့နယ်၊ အုတ်ဖိုမော် ကျေးရွာတွင် မူးယစ်ဆေးဝါးကိုဒေသခံများ ကိုယ်တိုင်ရောင်းချနေသည်ကိုကြားသိရပြီး ကျားပါးစပ်လုပ်သားများအတွင်း ၌လည်းမူးယစ်ဆေးဝါး သုံးစွဲမှုအတွင်း ကျွံဝင်နေသည်ကို သိရှိခဲ့ရကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ ဆလိုင်းမျိုးထိုက်က ပြောသည်။ “အခုက ရေလုပ်သားတင် မဟုတ်တော့ဘူး။ ကျောင်းသားအလယ်တန်းအဆင့်အရွယ်တွေပါ ကူးစက်လာနေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။ ယင်းကိစ္စသည် အလေးထားရမည့် ပြဿနာတစ်ခုဖြစ်ပြီး ယခုအချိန်မှစ၍ […]

ရေကန်ဘောင်တွင်းသို့ ငါးများပြန်ပြောင်းရန် အခက်အခဲဖြစ်နေဟုဆို

diz_admin

January 29, 2020

မြိတ်မြို့မြစ်ငယ်ရပ်ကွက်ရှိရေ ကန်ဘောင် (မင်္ဂလာကန်တော်)တွင် အောင်ဆီဂျင်ပါဝင်နှုန်းနည်းနေသဖြင့်ငါးများပြန်လည်ပြောင်းရွှေ့ရန်အခက်အခဲဖြစ်နေရကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ဇန်နဝါရီလ၂၁ရက်က ပြုလုပ် သည့်၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ် အတွက် ဘတ်ဂျတ်လုပ်ငန်းများ လျာထားရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရေပုန်းရပ်ကွက်နေသူတစ်ဦးက ရေပုန်းရပ်ရေကန်တွင် ငါးများသေဆုံး နေသည့်အတွက် ရေကန်ဘောင်သို့ပြန် လည်ပြောင်း‌ရွှေ့ပေးရန်အစည်းအဝေးတွင် တင်ပြသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်ကော်မတီဥက္ကဋ္ဌက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကန်ကြီးရေကန်ဘောင်မှာရှိတဲ့ ရေချိုရဲ့အောင်ဆီဂျင်ပါဝင်မှုနှုန်းက အင်မတန်မှ နည်းနေသေးပါတယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။ ရေကန်ဘောင်အားပြန်လည်ပြုပြင် ပြီးအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ပြီးခဲ့သည့် ၂ နှစ်ဝန်းကျင်ခန့်ကစတင်လုပ်ကိုင်စဉ်က ကန်အတွင်းရှိငါးများအား ရေပုန်းရပ်ကွက်ရှိ ရေကန်သို့ယာယီ ပြောင်းရွှေ့ထားသည်။ လက်ရှိတွင်ရပ်ကွက်နေသူတစ်ချို့က ရေကန်ဘောင်တွင်းသို့ ငါးများအား ဘေးမဲ့လွှတ်ပေးရာ အချိန်တိုအတွင်းသေ ဆုံးမှုများရှိနေသဖြင့်အကြောင်းရင်းအား ရှာဖွေရာ အောက်ဆီဂျင်ပါဝင်မှုနှုန်းနည်းနေပြီး […]

ဘန်ကောက်ဆေးရုံတွင် ကျွမ်းကျင်စကားပြန်ထားပေးပါ

diz_admin

January 29, 2020

ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံတွင် မြန်မာဘာသာစကားကျွမ်းကျင်သည့် ဘာသာပြန်ထားရှိပေးရန် မြိတ်ဒေသခံအချို့က တောင်းဆိုကြသည်။ မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပြုလုပ်သည့် ထိုင်းမြန်မာလုပ်ငန်းရှင်များစီးပွားရေးညှိနှိုင်းမှုဖလှယ်ပွဲတွင် မြိတ်ဒေသခံလုပ်ငန်းရှင်အချို့က တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ဘန်ကောက်ဆေးရုံကြီးတွင် ဝန်ဆောင်မှုအပိုင်း၊ ကုသမှုအပိုင်းနှင့် အသုံးပြုသည့် စက်ကိရိယာများကိုအားရကျေနပ်မိသော်လည်း မြန်မာဘာသာပြန် ကောင်းကောင်းမရှိသည့်အတွက် ကုသမှုအပိုင်းတွင် အခက်အခဲများကြုံရကြောင်း ဘန်ကောက်ဆေးရုံတွင်လေးကြိမ်တိုင်တိုင် သွားရောက်ဆေးကုသဖူးသူ အိုကေ ဆန်စက်ပိုင်ရှင်ဦးမောင်ထွေးက ပြောသည်။ “စကားပြန်တွေက ဆေးပညာနဲ့ ပတ်သက်ပြီး လွဲမှားတာတွေ ရှိတယ်။ အဲဒီ အခါလူနာနဲ့ဆရာဝန်ကြားမှာကုသမှုအပိုင်းမှာ အခက်အခဲတွေ ကြုံရတယ်”ဟု ၎င်းက ပြောသည်။ ပရာကျွတ်ခီရီခံခရိုင်၊ ဟွာဟင် ခေါ် ဝေဟင်ရှိ ဘန်ကောက်ဆေးရုံတွင်လည်း မြန်မာစကားပြန်ဆိုရေး အားနည်းနေသည့်အတွက် ဆေးပညာနှင့် ပတ်သက်သော ကျွမ်းကျင်သည့်စကားပြန်အနည်းဆုံး နှစ်ဦး ခန့်ထားပေးနိုင်လျှင်ဆေးကုသရာ၌ အဆင်ပြေကောင်းမွန်မည်ဖြစ်ကြောင်း မြိတ်မြို့၊ […]

မြိတ်လေယာဉ်ကွင်းတစ်လျှောက် မကျွတ်မလွတ်သူများအား သုဿာန်ပြောင်း

diz_admin

January 29, 2020

မြိတ်မြို့ လေယာဉ်ကွင်းလမ်း တစ်လျှောက်ရှိမြင်အပ်မမြင်အပ်၊ မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ကလွင်ဘာသာစုံသုသာန်သို့ ပြောင်းရွှေ့သည့် အစီအစဉ်ကို ဇန်နဝါရီလ ၂၅ရက် ညနေပိုင်း ပြုလုပ်ခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးကစီမံခန့်ခွဲသည့် မြေဧရိယာအတွင်း နေထိုင်သော မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ထွက်ခွာပေးရန်နှင့် ကလွင်ဘာသာစုံ ပေါင်းစုံသုသာန် သတ်မှတ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏အမိန့် စာဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကွင်းလမ်းတစ်လျှောက် သံဃာတော်မှ မေတ္တာပို့ခြင်း၊ ပရိတ်တရားရွတ်ဖတ်ခြင်းနှင့် အစားအစာများ ကျွေးမွေးခြင်းတို့ ပြုလုပ်ကာသတ်မှတ်ထားသည့် နာရေးကားနှစ်စီးပေါ်သို့ တင်ဆောင်ကာ ကလွင်ဘာသာပေါင်းစုံသုဿာန်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ Dawei Watch

မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်

diz_admin

January 28, 2020

မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့် ကိစ္စကို အကြိမ်ကြိမ်ထောက်ပြ ပြောဆိုနေသော်လည်း ပညာရေးဝန်ကြီး ဌာနမှ ကျောင်းတက်ရက်ကို မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာဝေယံစိုးက ပြောသည်။ ဆန္ဒထုတ်ဖော်ဖြစ်ပါက ထားဝယ် ပညာရေးကောလိပ် တွင်လူစုကာ ဆေးရုံလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးကို ချီတက်မည်ဖြစ်ပြီး ယင်းမှတဆင့် အာဇာနည်လမ်းအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန် အဝိုင်းပတ်တွင် အဆုံးသတ်မည်ဟု ကနီဦးစီစဉ်ထားကြောင်း ဆရာဝေယံစိုးက ပြောသည်။ […]