မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ
diz_admin
October 6, 2021မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။ မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်မှုများရှိနေကြောင်း သိရသည်။ Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ […]


