လော့လော့ပုစွန်မွေးမြူရေးကန် မြေသိမ်းဆည်းမှုကိစ္စ ဒုဝန်ကြီးအဖြေနှင့် မြေပြင်အခြေအနေကွဲလွဲမှုရှိနေ
diz_admin
February 6, 2020မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန်မွေးမြူရေးကန်အတွက် သိမ်းဆည်းခဲ့ သည့် မြေယာများ ကိစ္စနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် မြေပြင်အခြေအနေ ကွဲလွဲနေကြောင်း မြေယာသိမ်းဆည်းခံ လော့လော့ ကျေးရွာနေသူတချို့ထံမှ သိရသည်။ လော့လော့ပုစွန်မွေးမြူရေးကန်ပြု လုပ်သည့် သိမ်းဆည်းမြေများအတွက် မြေအစားထိုးဖော်ထုတ်ရန် ကုန်ကျငွေ များ ပေးအပ်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။ “မြေအစားထိုးချထားနိုင်ဖို့ အတွက် မြေဖော်ထုတ်ဖို့ ကျပ်သိန်းတစ်ရာကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ပေးချေခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေဆိုခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် […]