မြိတ် သတင်သမားနှစ်ဦးနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် ရှစ်ဆယ်ကျော် ပြန်လွတ်
diz_admin
October 18, 2021မြိတ်အခြေစိုက် သတင်းသမားနှစ်ဦး အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဆယ်ကျော် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေတွင် မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာကြောင်း သိရသည်။ မြိတ်အခြေစိုက် DVB သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်၊ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်၊ ကဗျာဆရာဦးလွင်အောင်နှင့် ဦးတင်ကိုကိုဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၈၀ ကျော် ပြန်လွတ်လာခဲ့ကြောင်း လွတ်မြောက်လာသူအချို့ထံမှ သိရသည်။ “ထုံးစံအတိုင်း ၄၀၁ ကျင့်ထုံးနဲ့ ခံဝန်ထိုးပြီး လွှတ်ပေးလိုက်တာပေါ့”ဟု ပြန်လည်လွတ်မြောက်လာသည့် DVB သတင်းထောက် ကိုအောင်ကျော် ကပြောသည်။ မြိတ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိပြီး လက်ရှိတွင် ရှစ်ဆယ်ကျော် ပြန်လွတ်လာသည်ဟု လွတ်မြောက်လာသူအချို့ ကပြောသည်။ မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့နဲ့ မြိတ် ၈၈ အဖွဲ့မှ ဖမ်းဆီးခံရသူများလည်း ပြန်လည်လွတ်မြောက်လာ ကြောင်း သိရသည်။ “ကျန်ရစ်တဲ့ […]


