မြိတ်တွင် သေနတ်ပစ် အားကစားပြိုင်ပွဲ ပြုလုပ်မည်
diz_admin
February 25, 2020မြိတ်တွင် ထားဝယ်ခရိုင်၊ ကော့သောင်း ခရိုင်နှင့် မြိတ်ခရိုင် သုံးခုပါဝင်သည့် သေနတ်ပစ် အားကစားပြိုင်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သေနတ်ပစ်အားကစား ဆပ်ကော်မတီမှ သိရသည်။ ယင်းပြိုင်ပွဲကို မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်ရှိ မြိတ် စီးပွားရေးဇုန် စီမံကိန်းအတွင်း၌ လာမည့် မေလအတွင်း ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ်အားကစား ဆပ်ကော်မတီဝင် ဦးသူရက ပြောသည်။ ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး သေနတ်ပစ် အားကစား ဆပ်ကော်မတီတို့မှ ပူးပေါင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အသက် ၂၅ နှစ်ပြည့် ပြီး သေနတ်ပစ်အားကစားသမား မည်သူ မဆို လာရောက် ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောပြသည်။ […]