တနင်္သာရီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ
diz_admin
October 29, 2021တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် လေးဉီးသေဆုံးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ လက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်သော ပဝကျေးရွာအုပ်ချုပ်ရေးမှူး ဉီးမြင့်ဌေး နေအိမ်အား အောက်တိုဘာလ ၂၉ ရက် နံနက် ၄ နာရီအချိန်က အမည်မသိပျောက်ကျား လက်နက်ကိုင် ဆယ်ဉီးကျော်ခန့်မှ ဝိုင်းထားပြီး အုပ်ချုပ်ရေးမှူးအား ခေါ်ထုတ်ခဲ့သည်၊ အုပ်ချုပ်ရေးမှူးမှာ အပြင်သို့မထွက်ဘဲ နေအိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ကာခုခံသည့်အတွက် အမည်မသိအဖွဲ့မှ မီးရှို့ခဲ့ကြောင်း ရွာသားများ ကပြောပြသည်။ “အုပ်ကြီးအပါအဝင် အားလုံးလေးယောက် သေတယ်လို့ကြားတယ်”ဟု ယင်းရွာသား ကပြောသည်။ နေအိမ်အတွင်း ပိတ်မိသေဆုံးခဲ့သူများမှာ ဉီးမြင့်ဌေးနှင့် ၎င်း၏ဇနီး၊ သမီးဖြစ်သူနှင့် သမီး၏ သူငယ်ချင်းမိန်းကလေးတစ်ဉီးလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်၊ Dawei Watch က […]


