မြိတ်တွင် ဆီစျေးကြောင့် အိမ်သုံးရေစျေးထပ်တက်
diz_admin
November 7, 2021စက်သုံးဆီစျေး တက်ခြင်းကို အကြောင်းပြုပြီး အိမ်သုံးရေများ တဖြည်းဖြည်း စျေးတက်လာကြောင်း မြိတ်မြို့နေ သူများထံမှသိရသည်။ မြိတ်မြို့တွင် အိမ်သုံးရေစျေး စက်တင်ဘာလအထိ တစ်ယူနစ် ကျပ် ၁၅၀၀ ရှိခဲ့ရာမှ အောက်တိုဘာလတွင် ကျပ် ၁၇၀၀၊ ယင်းနောက် ယခု နိုဝင်ဘာလတွင် တစ်ယူနစ် နှစ်ထောင်ကျပ်ဖြင့် ထပ်တိုးကာ ကောက်ယူနေသည်ဟု ရေသုံးစွဲကြသူများကပြောသည်။ “တစ်လကို တစ်စျေး တင်ချင်သလို တင်နေတဲ့ သဘောမျိုးဖြစ်နေတယ်”ဟု မြိတ်မြို့၊မြို့သစ်ရပ်ကွက်နေ အိမ်ထောင်ရှင်မ တစ်ဉီးကပြောသည်။ မြိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ရေပေးဝေဖြန့်ဖြူးရန်အတွက် မြေအောက်မှ အဝီစိရေများကို မြေပြင်ကန်အမြင့်သို့ ဒီဇယ်လောင်စာဆီသုံး အင်ဂျင်များကို အသုံးပြုကာ မောင်းတင်ကြရသည်။ ထိုကြောင့် မြိတ်မြို့ ရေစျေးမှာ ဆီစျေးအပေါ် မူတည်ကြောင်း အကြောင်းပြကြလေ့ရှိသည်။ စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်း ပုံမှန်ရှိနေရာမှ အောက်တိုဘာလအတွင်း စျေးနှုန်း […]


