ကင်းမွန်လုပ်ငန်း ရှေရည် ရပ်တည်ရန် ခက်ခဲဟုဆို
diz_admin
November 24, 2021ဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းတို့ကြောင့် မြိတ်ဒေသတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်း ရှေရည်တွင် ရပ်တည်မှု ခက်ခဲလာနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလ (နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ) သုံးခု ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာနေခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် ကင်းမွန်ဈေးနှုန်း ထက်ဝက်နီးပါး ကျဆင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် နှစ်အစတွင် ကင်းမွန်တစ်ဗန်းလျှင် မူလဈေးနှုန်း တစ်သိန်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရောက်ရှိခဲ့ကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ဗန်းလျှင် ကျပ်တစ်သိန်းခွဲကျော်မှ တစ်သိန်းနှစ်သောင်းကျပ်အထိ ကျဆင်းနေကြောင်း သိရသည်။ “ဈေးလည်းကျ ကင်းမွန်လည်း အရနည်းလို့ စရိတ်ပါ ရှုံးနေကြတာ” ဟု မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ […]


