မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ
diz_admin
December 9, 2021မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။ အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။ ငါးရာတန် ပါဆယ်ထမင်းတွင် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ငါး၊ ပဲကုလားဟင်း စသည့် ဟင်းတစ်မယ်နှင့် အသီးအရွက်ကြော်၊ ဗာလချောင်တို့ ပါဝင်မည်ဖြစ်ပြီး တစ်နေ့လျှင် ပွဲငါးရာရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ “ဘယ်အရောင်အသွေး ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှ မပါဘူး။ ရောင်းချသူရဲ့ ကိုယ်ကျိုးအတွက်လည်း မပါဘူး။ အခက်အခဲဖြစ်နေသူတွေအတွက် စေတနာသန့်သန့်နဲ့ လုပ်တာပါ” ဟု ဦးကျော်ကျော်လွင်က ပြောသည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခက်အခဲ ဖြစ်နေသူများစွာရှိနေသဖြင့် ၎င်းတို့၏ အခက်အခဲကို နိုင်သလောက်ကူညီရန် သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ […]


