မြိတ်တွင် မြကန်သာရွာက ပြောင်းရွှေ့ခံရသည့် လူရှစ်ရာကျော် အကူအညီလို
diz_admin
December 18, 2021မြိတ်မြို့တွင် မြကန်သာကျေးရွာဟု ခေါ်ဝေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ နီးပါး လူဦးရေအားဖြင့် ရှစ်ရာကျော်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကန်သာကျေးရွာဟု အမည်တပ်ထားသည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ယင်းနေရာတွင် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့သည့် အဆိုပါ လူရှစ်ရာကျော်သည် ကုမ္ပဏီက အစားထိုး နေရာချပေးသည့် မြကန်သာရွာနှင့် မိုင်ဝက်ခန့် ဝေးကွာသည့် တောင်ခြေရင်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့အတွက် လတ်တလောတွင် စားသောက်ရန် အခြေခံစားသောက်ကုန်များ […]


