ပုလောတွင် နှစ်ရက်အတွင်း လူသုံးဦး ပစ်သတ်ခံရ
diz_admin
December 27, 2021မြိတ်ခရိုင် ပုလောမြို့နယ်တွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ကျောင်းနိမ့်ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက် ည ၆ နာရီခန့်က ဦးဖိုးတိုနှင့် ဒေါ်လုံးငယ်ဆိုသူ ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့နှင့် အတူရှိနေသူ အမျိုးသားတစ်ဦးသည်လည်း ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများကပြောသည်။ ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နေ့လယ်ကလည်း ပဝတ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးကြွက်နီအား အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားပြီး ရွာအပြင်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ ကပြောသည်။ အသတ်ခံရသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသည် စစ်ကောင်စီတပ်အား သတင်းပေးနေသည့် ဒလန်ဟု သတင်းထွက်နေကြောင်း ရွာသားတစ်ချို့က ပြောဆိုခဲ့ကြသည်။ […]


