တနင်္သာရီ တကူရဲစခန်းကို PDF များ ဖျက်ဆီး
diz_admin
January 4, 2022တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ ရဲစခန်းကို တနင်္သာရီ PDF များက လာရောက် ရိုက်ချိုးဖျက်ဆီးသွားကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၃) မွန်းလွဲ ၃ နာရီခန့်က PDF အများအပြား ရွာထဲသို့ ဝင်ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်ရိုက်ချိုး ဖျက်ဆီးသွားကြောင်း ရွာသားများက ပြောသည်။ “ရဲတွေက ဒီစခန်းမှာ မရှိတာကြာပြီ” ဟု ယင်းရွာနေအမျိုးသားတစ်ဦးက ပြောသည်။ တကူကျေးရွာသံတိုက်တွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ယနေ့တွင်မူ မရှိကြဘဲ သရဘွင်ရွာဖက်သို့ ရောက်နေကြကြောင်း ရွာသားများကဆိုသည်။ “မီးရှို့တာ မဟုတ်ပါဘူး။ ဒီအတိုင်း ဝင်ပြီး ရိုက်ဖျက်သွားကြတယ်လို့ ကြားရတယ်” ဟု တကူကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။ PDF များက ရဲစခန်းအား ရိုက်ချိုးဖျက်ဆီးပြီးနောက် ရွာအတွင်း လှည့်လှည်သွားလာပြီး […]


