ငါးမဖမ်းရ ရာသီ ယခင်အတိုင်း ပြန်သတ်မှတ်ပေးရန်တင်ပြ
diz_admin
January 7, 2022ငါးမဖမ်းရ ရာသီကို လှေရှင်များ၏ တောင်းဆိုချက်အရ ယခင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်တို့ကို ပြန်လည် သတ်မှတ်ပေးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနက တိုင်းအတွင်းရှိ ရေလုပ်သားများ၏ အခက်အခဲကို တင်ပြရန် တောင်းဆိုလာသဖြင့် ရေလုပ်ငန်းရှင်များအား အဖွဲ့ချုပ်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လှေရှင်များကို ခေါ်ယူဆွေးနွေးခဲ့ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။ ယင်းသို့ ဆွေးနွေးရာ ရေလုပ်သားများ၏ ဆန္ဒအတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်အား ငါးမဖမ်းရ ရာသီအဖြစ် ပြန်လည်သတ်မှတ်ရန် လှေရှင်များက တောင်းဆိုသည့်အတွက် တင်ပြခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်ပုံမှန်သတ်မှတ် ထားသည်ကို စစ်ကောင်စီက […]


