တနင်္သာရီ တကူရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်
diz_admin
January 11, 2022တနင်္သာရီမြို့နယ် တကူရွာတွင် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တကူသံတိုက်ကမ်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် မြစ်တဖက်ကမ်းရှိ PDF တပ်ဖွဲ့တို့ မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တကူရွာသားများက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဖက်က နှစ်ဦးဒဏ်ရာရသည်ဟု ရွာသားအချို့က ပြောသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။ ယင်းနေ့က မွန်းတည့်အချိန်ကလည်း တကူရွာသို့ စစ်လေယာဉ်တစ်စီး ပျံဝဲကာ ခဲ့သေးကြောင်း တကူရွာသားများက ဆိုသည်။ တကူကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF များ ဝင်ရောက် ဖျက်ဆီးပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၅ […]


