BREAKING
May 3, 2025

မြိတ်

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

diz_admin

June 17, 2020

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

ရေထဲပြုတ်ကျသည့် ကျောင်းသားအလောင်း သုံးရက်ကြာမှ ပြန်တွေ့

diz_admin

June 15, 2020

ရေထဲပြုတ်ကျခဲ့သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသား၏ ရုပ်အလောင်းအား သုံးရက်အကြာ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းကောင်းကဏန်း မွေးမြူရေးကန်အနီးတွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်မြို့နောက်လယ်ရပ် အမှတ် ၁ ဆိပ်ခံဘောတံတားတွင် ဇွန်လ ၉ ရက် နေ့ ည ၈ နာရီအချိန်ခန့်က ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့မှ သိရသည်။ ဘောတံတားရှိ လှေတစ်စီးပေါ်မှ အခြားတစ်စီးပေါ်သို့ ခုန်ကူးရာတွင် ခြေထောက်ချော်ပြီး ရေထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ရေထဲသို့ ပြုတ်ကျစဉ် အတူပါလာသည့် သူငယ်ချင်းဖြစ်သူက ဆယ်ယူခဲ့သော်လည်း ရေစီးအားဖြင့် မျောပါသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

သမီးအရင်းကို သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသူဖမ်းမိ

diz_admin

June 15, 2020

သမီးအရင်းကိုသားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းထံမှသိရသည်။ ဇွန်လ ၁၀ရက်နေ့က ဖမ်းဆီးခံရသူ၏ဇနီးက လာရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၁ရက်နေ့နံနက်တွင် ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ကော့သောင်းရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု မြိတ်မြို့မရဲ စခန်းမှစခန်းမှူး ဒုရဲမှူးချိုလွင်က ပြော သည်။ “ဒီကအကြောင်းကြားတော့ဟိုက ဖမ်းလိုက်တာပေါ့။ မနက်ဖြန်မြိတ်ကို ခေါ်လာမယ်” ဟု ၎င်းက ပြောသည်။ မြိတ်မြို့ရှိ သတ္တမတန်းကျောင်းသူတစ်ဦးမှာ ဇွန်လ ၄ ရက်က နေအိမ်၌မူးဝေကာ သတိမေ့လဲကျသည့်အတွက် မြိတ်ကလေးဆေးရုံသို့ တင်ပို့ခဲ့သည်။ အဆိုပါမိန်းကလေးတွင် သားအိမ်ပုပ်ပြီးပြည်တည်နေသဖြင့် ခွဲစိတ်ကုသမှုခံခဲ့ရသည်။ အကြောင်းရင်းကိုမိခင်ကမေးမြန်းရာ ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်သည့်အတွက် ယခုလိုဖြစ်ရပြီး ဓမ္မတာမလာသည်မှာလည်း သုံးလခန့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသည့်အတွက် ရဲစ ခန်းတွင်လာရောက်အမှုဖွင့်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။ အဆိုပါမိန်းကလေးသည် လွန်ခဲ့သည့်တစ်ပတ်က ကိုယ်ဝန်ပျက်ကျကာ ဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်ပြီး အကြောင်းအရင်းကိုမူမသိရှိရကြောင်း […]

ကျွန်းစုတွင် ဘုရားဆင်းတုတော်များကို အိပ်မက်အရ တွေ့ရှိခြင်းမဟုတ်ဟု ကာယကံရှင် မိသားစုဆို

diz_admin

June 15, 2020

ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ကမာချောင်းကျေးရွာတွင် ဇွန်လ ၅ ရက်က အသက် ၆ နှစ်ရှိ ကလေးငယ်၏အိပ်မက်အရ ဘုရားဆင်းတုတော်များ တွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည်။ အဆိုပါ ကလေးငယ်၏အိပ်မက်အရ သွားရောက်ကြည့်ရှုရာ ဘုရားဆင်းတုတော်များ ‌တွေ့ရှိသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နာတွင် ဇွန်လ ၆ ရက်က မျိုးဆက်ပိုင်အကောင့်နာမည်ဖြင့် ရေးသားခဲ့သည်။ အဆိုပါရေးသားချက်အရ အနီးအနားရှိကျေးရွာများတွင် နေထိုင်သူများက ဆင်းတုတော်များအား လာရောက်ဖူးမြော်လျက်ရှိရာ နေ့စဉ်ဘုရားဖူးသူဦးရေ တစ်ရာဦးဝန်းကျင်ခန့်ရှိနေကြောင်း ကလေးငယ်၏မိခင်ဖြစ်သူ ဒေါ်မီးကင်းက ပြောပြသည်။ “အိပ်မက်ရတာ မဟုတ်ဘူး။ ကြိမ်သီး သွားကောက်စားရင်း တွေ့တာ” ဟု ဒေါ်မီးကင်းက ပြောသည်။ ညီနှမသုံးဦးမှာ ကြိမ်သီးများသွားကောက်စားရာ နေအိမ်၏လမ်းတစ်ဖက်တောင်ပေါ်ရှိ ညောင်ပင်ကပ်ပေါက်ရောက်နေသည့် ပိန္နဲပင်အောက်တွင် လျောင်းတော်မှုဆင်းတုတော် ၁၄ ဆူ တွေ့ရှိသဖြင့် အိမ်သို့ယူဆောင်လာပြီး ပူဇော်ထားခြင်းဖြစ်ကြောင်း […]

ကိုဗစ်ကာလတစ်လျှောက် မြိတ်ဘိုးဘွားရိပ်သာတွင် အလှူရှင် ပြတ်လပ်မှု မရှိ

diz_admin

June 15, 2020

ကိုဗစ်ကာလတစ်လျှောက် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ တောင်သာယာဘိုးဘွားရိပ်သာတွင် အလှူရှင်များပြတ်လပ်မှုမရှိကြောင်း ယင်းဘိုးဘွားရိပ်သာ တာဝန်ခံတစ်ဦးထံမှ သိရသည်။ တောင်သာယာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် မနက်၊ နေ့လယ်စာနှင့် နေ့ခင်းဘက်တွင် အအေး၊ မုန့် အချိုတို့အား မွေးနေ့နှစ်ပတ်လည်၊ အထိမ်းအမှတ်နှစ်ပတ်လည်ကဲ့သို့ လှူဒါန်းမှုများရှိနေကြောင်း သိရသည်။ “တစ်နှစ်ပတ်လုံး အလှူရှင် ရှိ‌ပါတယ်” ဟု အထက်ပါ ဘိုးဘွားရိပ်သာတာဝန်ခံက ပြောသည်။ တောင်သာယာဘိုးဘွားရိပ်သာတွင် အဘိုး ၁၈ ဦးနှင့် အဖွား ၃၄ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်အချို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ကိုဗစ်ဂယက်ကြောင့် အလှူရှင်များပြတ်လပ်မှုရှိနေကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

diz_admin

June 15, 2020

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယင်းအပြင် အိမ်တွင်းမိရိုးဖလာ တံမြက်စည်းပြုလုပ်သည့်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အိမ်ထောင်စု အနည်းဆုံးငါးဆယ်ခန့်ရှိနေကြောင်း ရွာသူရွာသားများထံမှ သိရသည်။ “အဒေါ်တို့ မပေါက်ဖွားခင် မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တစ်ရွာလုံးနီးပါးလုပ်လာကြတဲ့ အလုပ်ပေါ့” ဟု အသက် ၆၂ နှစ်ရှိ တံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။ ပထော်ရွာမှပြုလုပ်သည့် တံမြက်စည်းများအား မြိတ်ဒေသတွင်း အသုံးပြုသူများသလို မြိတ်ရှိဖောက်သည်များမှ မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြကြောင်း တံမြက်စည်းလုပ်ကိုင်သူများက ပြောပြသည်။ ယခုတော့ ကမ္ဘာ့ကပ်ဘေးကိုဗစ်ကြောင့် ပြည်တွင်းယာဉ်အသွားအလာမရှိတော့ဘဲ အိမ်သုံးပစ္စည်းအရောင်းဆိုင်အချို့လည်း ပိတ်ထားရသည်။ ထိုင်းနိုင်ငံသို့ […]

မြိတ်ခရိုင်တွင် တစ်ပတ်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွား

diz_admin

June 8, 2020

မြိတ်ခရိုင်တွင် မေလ ၂၉ ရက်နေ့မှ ဇွန် ၄ ရက်နေ့အထိ တစ်ပတ်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မြိတ်မြို့ ကျောက်ဖျာကျေးရွာရှိ တံတားတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကမ်းဝေးဝါးလတ်လှေတစ်စီးပေါ်ရှိ အားသွင်းထားသောဘတ်ထရီအိုးမှာ အားသွင်းလွန်ပြီး အပူလွန်ကဲကာ အနီးရှိပစ္စည်းတို့မှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ မီးလောင်မှုကြောင့် စက်ခန်းနှင့် ပဲ့နင်းအခန်းတို့ လောင်ကျွမ်းခဲ့သည်။ ထို့ပြင် မေလ ၃၀ ရက်နေ့တွင် တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု အနောက်သာရဖုံကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် မီးဖိုအပေါ်၌ ထင်းမီးမွှေးထားရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ အောက် ထပ်အုတ်ကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ်မှာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “မီးလောင်တာ တစ်ခါမှမကြုံဖူးတော့ တစ်ရွာလုံး ပျာပျာယာယာ ဖြစ်သွားတာ” […]

ကိုဗစ်လှိုင်းမိ သဗ္ဗန်သမား ရာချီကို အစားအသောက် ထောက်ပံ့

diz_admin

June 8, 2020

မြိတ်နှင့် ကျွန်းစုမြို့နယ်ရှိ ကိုဗစ်လှိုင်းမိ သဗ္ဗန်ကူးတို့လှေ မောင်းသူနှစ်ရာနီးပါးအား ဆန်၊ ဆီ၊ ငါးသေတ္တာအပါအဝင် အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့မှုရရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၃ ရက်နေ့ ကျွန်းစုလွှတ် တော်ကိုယ်စားလှယ်များ၊ ကျွန်းစု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလှူရှင်တစ်ချို့၏ ထည့်ဝင်ငွေများဖြင့် သဗ္ဗန်ကူးတို့လှေမောင်းသူ ၁၆၀ ကျော်အား ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ အထက်တန်းကျောင်းတွင် ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။ ကိုဗစ်နိုင်တင်းကာလအတွင်း ခရီးသွားလာသူ နည်းပါးလာသည့်အတွက် သဗ္ဗန်ကူးတို့သမားများ၏ ဝင်ငွေသည်လည်း ထက်ဝက်ကျော်ခန့်ကျဆင်းသဖြင့် အများစုမှာ စားဝတ်နေရေး အခက်အခဲကြုံလျက်နေကြောင်း မေလ ၂၅ ရက်ထုတ်ဝေသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။ “အခြေခံလူတန်းစားတွေဖြစ်တဲ့ သဗ္ဗန်ကူးတို့သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေတယ်ဆိုတာ သတင်းတွေမှာလည်း ဖတ်ရတယ် ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့ အလှူရှင်တွေနဲ့ လှူရခြင်းဖြစ်တယ်” ဟု ကျွန်းစုမြို့နယ် အမျိုးသား […]