မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့
diz_admin
February 13, 2022မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင် မြိတ်မြို့၌ ကိုဗစ်ပိုး စစ်ဆေးသူ ၃၆၈ ဦးအနက် ၁၂၅ ဦးတွင် ပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့သူ ၁၂၅ ဦးအနက် စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ပိုးတွေ့ရှိသူ ၄၂ ဦးလည်း ပါဝင်သည်။ ယင်းသတင်းကို Dawei Watch က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြပြီးဖြစ်သည်။ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာအဖွဲ့က မှန်လုံမော်တော်ယာဉ်ကြီးတို့ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် […]


