ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြို့နယ်ငါးခုက စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်

diz_admin

February 21, 2022

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ငါးခုက စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ စော်ဖျားရွာ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူအချို့က ပြောသည်။ တိုင်းအတွင်း စစ်ဘေးရှောင်စခန်းများမှာ ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် နှစ်ခု၊ ပုလောမြို့နယ်တွင် တစ်ခု စုစုပေါင်း နေရာ သုံးခုသာရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်၊ ရေဖြူ စစ်ရှောင်စခန်း နှစ်ခုနှင့် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်ရန် အဆောက်အအုံများ လိုအပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

မြိတ်က သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့

diz_admin

February 21, 2022

မြိတ်မြို့ ကန်ကြီးရပ်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးသည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ အသက် ၇၀ နှစ်ကျော်ရှိ အမျိုးသမီးသည် ရုတ်တရက်သေဆုံးပြီးနောက် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသဖြင့် နေ့ချင်းပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ၏ နေအိမ်အား lock down ချထားကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦး၊ ၁၈ ရက်နေ့တွင် ၁၈ ဦး၊ ၁၇ ရက်နေ့တွင် ၁၅ ဦး၊ ၁၆ ရက်နေ့တွင် ရှစ် ဦးတို့ရှိကြကြောင်း […]

တနင်္သာရီတွင် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာလိုအပ်

diz_admin

February 20, 2022

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် လယ်သစ်ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများ ထံမှသိရသည်။ လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပေါ် နေသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာသားများက ပြောသည်။ “ရွာကိုလည်း မပြန်ရဲသေးဘူး။ ရက်ကြာလာရင်တော့ ကျွန်မတို့အတွက် စားရေးသောက်ရေး အခက်အခဲ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု ပဝကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ဘေးရှောင် ရွာသားများသည် နီးစပ်ရာရွာများရှိ အသိမိတ်ဆွေများထံတွင် သွားရောက် ခိုလုံနေကြသလို တောအတွင်းသို့ ဝင်ရောက်တိမ်းရှောင်နေကြသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ ပဝကျေးရွာအုပ်စုနှင့် လယ်သစ်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်များနှင့် PDF တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး ရွာသားအချို့ ဖမ်းဆီးခံရခြင်း၊ […]

ပဝကျေးရွာတွင် ရွာသားသုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

diz_admin

February 19, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ရွာသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသွားသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိသည့် ဦးလှတင်နှင့် ဦးမျိုးအောင်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိ သည့် နောက်ထပ်အမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူ သုံးဦးမှာ ရွာတွင် စောင့်ရှောက်ကျန်ရစ်ခဲ့သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားစဉ် စစ်ကောင်စီတပ် ရွာ အတွင်း ဝင်ရောက်လာပြီး ယနေ့ နံနက် အစောပိုင်းတွင် ပြန်လည်ထွက်သွားကြောင်း […]

မြိတ်ရော်ဘာဈေး တစ်ပိဿာလျှင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရ

diz_admin

February 17, 2022

မြိတ်မြို့ ရော်ဘာဈေးကွက်အတွင်း တစ်ပိဿာလျှင် ရာသီအဖွင့်ဈေး ကျပ် ၃၅၀၀ ဈေးရှိရာမှ လက်ရှိတွင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရနေကြောင်း ရော်ဘာခြံလုပ်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ ရော်ဘာဈေးနှုန်းတို့မှာ ရာသီအဖွင့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်း၊ အစေးရည်၊ ခွက်လုံး၊ ခွက်ခဲ (အသန့်) တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ဈေးရခဲ့ကြောင်း ရော်ဘာခြံ လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ယင်းနောက် ဒီဇင်ဘာလအတွင်း တစ်ပိဿာလျှင် ငါးရာကျပ်ဝန်းကျင် ဈေးကျဆင်းခဲ့ပြီးနောက် လက်ရှိတွင် တစ်ပိဿာလျှင် လေးထောင်ကျပ်နီးပါးအထိ ဈေးပြန်လည်ရရှိနေခြင်းဖြစ်ကြောင်း ရွှေဒူးကျေးရွာရှိ ရော်ဘာခြံလုပ်ကိုင်သူအချို့က ပြောသည်။ လက်ရှိ ရော်ဘာဈေးနှုန်းတို့မှာ ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်းတစ်ပိဿာလျှင် ၃၉၀၀ ကျပ်၊ အစေးရည် တစ်ပိဿာတွင် ၃၈၀၀ […]

တနင်္သာရီ ပဝကျေးရွာအနီး တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေးနေရ

diz_admin

February 17, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအုပ်စု၊ သက်ကယ်ဂျွန်ကျေးရွာ အနောက်ဖက်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၆ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ တစ်နာရီကျော်ကြာဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် အထိအခိုက်အကျအဆုံး မည်မျှရှိသည်ကိုမူ မကြားသိရသေးကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲကြောင့် ပဝကျေးရွာနှင့် အနီးအနားကျေးရွာငယ်များတွင် နေထိုင်ကြသည့် ဒေသခံများမှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ပဝကျေးရွာသည် တနင်္သာရီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေငါးရာခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ […]

ကားစီးခရီးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လက်မှတ်ပြရမည်၊ မပြနိုင်လျှင် ကိုဗစ်စစ်ခံရမည်

diz_admin

February 16, 2022

မြိတ်မြို့သို့ ခရီးသည်တင်ယာဉ်များဖြင့် ဝင်ထွက် သွားလာမည့် ခရီးသည်များ ကိုဗစ်ဆေးထိုးပြီး လက်မှတ် ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် ကိုဗစ် ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပုဂ္ဂလိက မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။ ယင်းအပြင် မြိတ်မြို့မှ တိုင်းအတွင်း မြို့နယ်များ၊ တိုင်းပြင်ပ မြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ် အားလုံးတို့မှာ အားလုံးသည် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ၏ ထက်ဝက်ကိုသာ တင်ဆောင်ခွင့်ပြုကြောင်း အထက်ပါကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိကာလတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသဖြင့် တိုင်းကျန်းမာရေး ဦးစီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း လက်မှတ်ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် […]

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျော် မြင့်တက်

diz_admin

February 15, 2022

မြိတ်မြို့တွင် ရွှေတစ်ကျပ်သားလျှင် ယခင်လ ဈေးနှုန်းထက် ကျပ် သုံးသောင်းလေးထောင် ဈေးနှုန်း မြင့်တက်သွားကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်းကျော် (၁,၈၇၀,၀၀၀ ကျပ်) ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းကျော် (၁,၉၀၄,၀၀၀ ကျပ်) အထိ ဈေးနှုန်းမြင့်တက်နေကြောင်း အဆိုပါအရောင်းဆိုင်များထံမှ သိရသည်။ ရွှေဈေးနှုန်းမြှင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းတို့ ပြန်လည်မြင့်တက်လာနေခြင်းကြောင့်ဖြစ်ကြောင်း လက်ဝတ်ရတနာအရောင်းဆိုင် ရှင် အချို့က ပြောပြသည်။ ရွှေဈေးနှုန်းများ မြင့်တက်နေသော်လည်း အဝယ်လိုက်နေသဖြင့် ရောင်းအားကောင်းနေကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ရွှေဆိုင်တန်းဘက်မှာ လူအပြည့်ပဲ။ ရောင်းလည်း ရောင်းနေကြရတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေထည်လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ ကမ္ဘာ့ရွှေဈေး […]