BREAKING
October 24, 2025

မြိတ်

မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးသူတိုးလာဟုဆို

diz_admin

August 26, 2021

မြိတ်မြို့တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူတိုးလာကြောင်း ပရဟိတအဖွဲ့များနှင့် မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်းချုပ် ထံမှသိရသည်။  ပြီးခဲ့သည့် ဇူလိုင်လထက် ယခုသြဂုတ်လအတွင်း သေဆုံးသူ နှစ်ဆတိုးလာပြီး ရပ်ကွက်များတွင်လည်း ကိုဗစ်ဖြင့် သေဆုံးသူ များရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇူလိုင်လအတွင်းက နေ့စဉ်ကိုဗစ်ကြောင့်သေဆုံးသူ နှစ်ဦးမှသုံးဦးခန့်သာရှိပြီး ယခုသြဂုတ်လတွင် တစ်မြို့လုံးအတိုင်းအတာအရ  ဆယ်ဂဏန်းအထိ သေဆုံးမှုများဖြစ်ပေါ်နေသည်ဟု မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်း ဉက္ကဋ္ဌ ဉီးဇော်မျိုးဦး ကပြောသည်။ “ဆေးရုံမှာ သေဆုံးနေတဲ့ လူဦးရေထက်ဝက်လောက်က ရပ်ကွက်ထဲမှာလည်း သေဆုံးနေတယ်။ ရပ်ကွက်ထဲမှာ သေဆုံးတဲ့လူနာတွေ ဆေးစစ်လိုက်မှကိုဗစ်ဖြစ်နေတာလည်း တွေ့လာရတယ်။ သေတဲ့နှုန်းက အရင်လထက်တိုးလာတယ်”ဟု ၎င်းကပြောသည်။ ရပ်ကွက်အတွင်း သေဆုံးသူအများစုသည် ရုတ်တရက် အောက်စီဂျင်ကျသည့်အတွက် သေဆုံးရခြင်းဖြစ်ပြီး အောက်စီဂျင်အလုံအလောက်ရရှိရေးအတွက်လည်း ပရဟိတအဖွဲ့များမှ လုပ်ဆောင်ပေးနေသည်ဟု ၎င်းကဆိုသည်။ မြိတ်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိပြီး လက်ရှိတွင် လေးဆယ်လီတာဆန့် အောက်စီဂျင်အိုး […]

Stay at Home နှင့် အလွဲများ

diz_admin

August 23, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်အား ဩဂုတ်လ ၂၃ ရက်မှစပြီး Stay at Home နေအိမ်တွင်သာ နေထိုင်ရန်မြို့နယ်များဖြစ် သတ်မှတ်ကြေညာခဲ့သည်။ သို့သော် မြေပြင်တွင်မူ ဩဂုတ်လ ၂၁ ရက်မှစပြီး အပြင်ထွက်သူများအား ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကော့သောင်းမြို့တွင်လည်း ဩဂုတ်လ ၂၁ ရက်မှစပြီး ကြပ်မတ်စစ်ဆေးခဲ့သည်။ သို့သော် ကော့သောင်းမြို့နယ်မှာ Stay at Home သတ်မှတ်သည့် မြို့နယ်စာရင်းတွင်မပါပေ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့်အတွက်ကြောင့် Stay at Home သတ်မှတ်သည်ဟုဆိုသော်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးသည့်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ရာနှင့်ချီသည့် လူစု၊ လူဝေး ဖြစ်ပေါ်ခဲ့သည်။ အပြင်ထွက်ခွင့် ကတ်ပြားအား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာထုတ်ပေးသည်ဟုဆိုသည်။ ယင်းသို့ ထုတ်ပေးရာတွင်လည်း အိမ်ထောင်စု စာရင်းပြနိုင်သူများကိုသာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စု စာရင်းမပြနိုင်သူများမှာ […]

စားဝတ်နေရေး အခက်ကြုံနေသူများ ‘ရိုင်းပင်း’ ကွန်ရက်ထံ ဆက်သွယ်နိုင်

diz_admin

August 21, 2021

မြိတ်မြို့နယ်အတွင်းရှိ မိသားစုများ စားဝတ်နေရေး အမှန်တစ်ကယ် အခက်အခဲကြုံနေရပါက ‘ရိုင်းပင်း’ မြန်မာမွတ်ဆလင် ပံ့ပိုးကူညီရေး ကွန်ရက်ထံ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။ ထိုသို့ အကူအညီတောင်းခံလာပါက အခြေခံစားသောက်ကုန်များကို နေအိမ်အရောက် သွားရောက်လှူဒါန်းနေကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် ဦးနိုင်နိုင်စိုးက ပြောသည်။ အဆိုပါ ကွန်ရက်က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ကြက်ဥ ၊ ကြက်သွန် အပါအဝင် နှာခေါင်းစည်းများကို သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ မြိတ်မြို့ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် နိုင်နိုင်စိုး ကပြောသည်။ မြိတ်မြို့နယ်အတွင်း စားဝတ်နေရေး အမှန်တစ်ကယ်အခက်အခဲရှိပါက “ရိုင်းပင်း”အဖွဲ့၏ Facebook စာမျက်နှာတွင် မက်ဆေ့ သို့မဟုတ် ကွန်မန့်ရေး၍ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထို့အပြင် […]

နေအိမ်ဗုံးပေါက်၍ တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်ခံရ

diz_admin

August 16, 2021

နေအိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်သည် သြဂုတ်လ ၁၄ ရက်ညက သေနတ်ဖြင့် ပစ်ခံရကြောင်း ယင်းရွာနေ ဒေသခံအချို့ထံမှ သိရသည်။ တပ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးဖြစ်သည့် ဦးသက်နိုင်၏ နေအိမ်တွင် ဇူလိုင်လဆန်းပိုင်းက ဗုံးဖောက်ခံရပြီးနောက်တစ်ရက်တွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းနေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်ရှိတွင် ပုလောဆေးရုံသို့ တင်ပို့ထားသည်ဟု သိရကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအချိန်တွင် သေနတ်သံနှစ်ချက်ကြားရပြီး ဦးသက်နိုင်တွင် ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုနောက် ဦးသက်နိုင်အား ပုလောဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နံနက်က ခွဲစိတ်ကုသနေသည်ဟု သိရကြောင်း […]

မြိတ် ငှက်သိုက်ရောင်းအား စံချိန်တင်

diz_admin

August 14, 2021

မြိတ်ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငှက်သိုက်ရောင်းအားမှာ စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ လတ်တလော ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ကိုယ့်ခံအားကောင်းစေရန် အားဆေးတစ်မျိုးအဖြစ် ငှက်သိုက်အား ဝယ်ယူသောက်သုံးသူများလာသဖြင့် ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “ဈေးက နှစ်ဆလောက်တက်သွားတာ၊ ငှက်သိုက်ဈေးကွက်မှာ အရောင်းရဆုံးအချိန်ပဲ” ဟု မြစ်ငယ်ရပ်နေ ငှက်သိုက်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိ ငှက်သိုက်တစ်ပိဿာလျှင် သိန်းလေးဆယ်ကျော်ခန့်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်‌ပေါင်း တစ်ဗူးလျှင် ၃၅၀၀ ကျပ်မှ ၈၀၀၀ ဝန်းကျင်ခန့်အထိ၊ သန့်စင်ပြီး ငှက်သိုက်ခြောက် တစ်ကျပ်သားလျှင် ၄၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိသည်။ ယင်းအပြင် ငှက်သိုက်အကြမ်း၊ သန့်စင်ပြီး၊ ပေါင်းရည် ပုံစံအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြကြောင်း သိရသည်။ မြိတ်တွင် သဘာဝငှက်သိုက်နှင့် ငှက်အော်သံစနစ်ပါသည့် နည်းပညာအသုံးပြုပြီး စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။

ပုလောတွင် ဗုံးပေါက်ကွဲ

diz_admin

August 12, 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ “ဗုံးကွဲတာက နှစ်နေရာပေါ့ သုံးလုံးကွဲတယ် အသံကအကျယ်ကြီးပဲ။ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်ကအိမ်တစ်လုံးမှာ ပေါက်ကွဲခဲ့တာ”ဟု ဒေသခံရွာသားတစ်ဉီးကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာသားကပြောပြသည်။ အဆိုပါဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပဝတ်ကုန်းရွာသားတစ်ဦးအား ရဲနှင့်စစ်သားများမှ လာရောက်ခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်းတွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ခဲ့ဖူးပြီး ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ရွာသားများထံမှသိရသည်။ ပဝတ်ကုန်းကျေးရွာသည် ထားဝယ်-မြိတ် လမ်းပေါ်တွင် […]

မြိတ်တွင် အောက်စီဂျင်အိုး အခမဲ့ငှား

diz_admin

August 7, 2021

မြိတ်မြို့အတွင်း အရေးပေါ်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးအခမဲ့ ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။ အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေစရာမလိုပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ကြောင်း မြိတ်မြို့ ခရူတောရပ်မှ အောက်စီဂျင်အိုးငှားပေးနေသူ ဦးစည်သူထွန်းက ပြောသည်။ ထိုသို့ငှားရာတွင် အောက်ဆီဂျင်အိုးတစ်လုံးလျှင် အချိန်တစ်ပတ်အထိ ငှားခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။ “လူနာအနေနဲ့ ထပ်ရူဖို့ လိုအပ်သေးရင် ပြန်ပြီး ငှားပေးပါတယ်” ဟု ဦးစည်သူထွန်းက ပြောသည်။ ညမထွက်ရအချိန်တွင် အောက်စီဂျင်အိုး အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့(သို့မဟုတ်)သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူလာရောက်၍ ခရူတောတောင်ပေါ် (၃)လမ်း၊အိမ်အမှတ်(၉)တွင် လာရောက်ငှါးရန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံ ခေါ်ဆို ဆက်သွယ်နိုင်ကြောင်း ဉီးစည်သူထွန်းက ပြောသည်။ ကိုဗစ်တတိယလှိုင်းအတွင်းမြိတ်ခရိုင်တွင် ကိုဗစ် ရောဂါ ကူးစက်မှုမြင့်မားလာသည်နှင့်အမျှ အောက်စီဂျင်အိုးအခမဲ့ လှူဒါန်းသည့် အဖွဲ့စည်းများလည်း ပေါ် […]

သုံးထပ်ကွမ်း ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ကွယ်လွန်

diz_admin

August 7, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်ရီသည် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ရန်ကုန်နေအိမ်တွင် ကွယ်လွန်သွားကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းမှ သိရသည်။ ဒေါ်တင်တင်ရီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုနောက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ဒေါ်တင်တင်ရီသည် တရားလွှတ်တော် ရှေ့နေတစ်ဦး ဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သည့် အချိန်ကတည်းက ပါတီဝင်ခဲ့ပြီး ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနောက် နဝတအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅ […]