မြိတ်ကျေးရွာအချို့ ပေါ်တာအဆွဲခံရမည်ကို စိုးရိမ်
diz_admin
September 10, 2021မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် တပ်ကောင်စီမှ ပေါ်တာဆွဲမည့် သတင်းကြောင့် စိုးရိမ်နေကြကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ ပေါ်တာအတွက် ကျေးရွာတစ်ရွာလျှင် လူသုံးဆယ်ပေးရမည်ဖြစ်ကြောင်း ရွာသားအချင်းချင်း ပြောဆိုမှုများရှိနေကြောင်း ကျောက်ဖျာကျေးရွာအုပ်စုရှိ လွတ်လွတ်နှင့် သမုတ်ကျေးရွာနေသူ အချို့က ပြောပြသည်။ ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမုတ်ကျေးရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား တပ်ကောင်စီဘက်မှ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သမုတ်ရွာနေသူအချို့က ပြောပြသည်။ အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့အား မည်သို့သော အကြောင်းကြောင့် လာရောက်ခေါ်ဆောင်သည်ကို အကျိုးအကြောင်း အသေအချာ မသိရှိသေးကြောင်း သမုတ်ရွာနေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။ ယင်းကဲ့သို့ ကျေးရွာအတွင်း ပြောဆိုနေကြသည့် ပေါ်တာဆွဲမည့်သတင်းနှင့် ညအချိန်လာရောက်ခေါ်ဆောင်မှုတို့ကြောင့် ကျေးရွာနေ အမျိုးသားအများစုသည် တိမ်းရှောင်နေကြရကြောင်း လွတ်လွတ်ကျေးရွာနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက […]


