ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

March 17, 2022

မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ကြက်မအုပ်ရွာဟောင်းအနီးတွင် ယနေ့ (မတ် ၁၇) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံက် ၇ နာရီခွဲခန့်တွင် ကြက်မအုပ်ရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သေနတ်သံများကြားရပြီး ပေါက်ကွဲသံများလည်း ကြားရကြောင်း ပပြင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ “သေနတ်သံက ၁၀ မိနစ်လောက်ပဲ ကြားရတယ်။ စစ်ကောင်စီဖက်က အထိအခိုက်ရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။ မြိတ်ဘက်က ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပွားသည်ဟု လတ်တလော ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆို သည်။ အဆိုပါကျေးရွာအုပ်စုအနီးတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် […]

မြိတ်ဒေသတွင် ကွမ်းသီးတစ်ပိဿာ ကျပ် ၁၆၀၀ ဈေးကျဆင်း

diz_admin

March 17, 2022

မြိတ်ဒေသတွင် ကွမ်းသီးခြောက်ဈေး တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၄၈၀၀ သို့ ဈေးပြန်ကျသွားကြောင်း ကွမ်းသီးခြံရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများ ထံမှ သိရသည်။ မြန်မာနိုင်ငံက ကွမ်းသီးများကို အိန္ဒိယသို့ အဓိကတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ကလေး-တမူး နယ်စပ် ဂိတ် ပိတ်ထားသဖြင့် ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခြင်းခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ကလေး-တမူးနယ်စပ်ဂိတ်အား ၂၀၂ဝ မတ်လ ၁၀ ရက်မှစပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က မြိတ်တွင် ကွမ်းသီးဈေးတစ်ပိဿာလျှင် ကျပ်ခြောက်ထောင်လေးရာအထိ ဈေးရရှိခဲ့ကြောင်း ကွမ်းခြံရှင်အချို့က ပြောပြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ၂၀၂၂ […]

ပုလောတွင် တိုက်ပွဲဖြစ်သဖြင့် ရွာသားများ ထွက်ပြေးနေရ

diz_admin

March 16, 2022

ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ ယနေ့ (မတ် ၁၆) နံနက် ၄ နာရီခွဲအချိန်ကစပြီး တိုက်ပွဲဖြစ်နေသည့် အတွက် ဒေသခံရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်း ပျူစောထီးများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲစတင် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး လက်နက်ကြီးများလည်း ပစ်သဖြင့် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။ ပုလောကုန်းရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် ဗုံးဖြင့်ဖောက်ခွဲခံရပြီးနောက် တိုက်ပွဲစတင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ ကြက်တွန်ကတည်းက၊ အခုထိလည်း အသံတွေ ကြားနေရ တုန်းပါ။ နည်းနည်းတော့ လျော့သွားပြီ” ဟု ပုလောကုန်းအုပ်စု၊ ဂျင်းဂါရွာသားတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်က ပြောသည်။ ပစ်ခတ်သံများ နံနက် […]

မြိတ်တွင် ရေတစ်ယူနစ် ၂၀၀၀ ကျပ်အထိ မြင့်တက်

diz_admin

March 15, 2022

မြိတ်မြို့ပေါ် ရပ်ကွက်အများစုတွင် အိမ်သုံးရေ တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ အထိ ဈေးမြှင့်တက်နေကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူတို့ထံမှ သိရသည်။ မြို့ပေါ်ရှိ အခြေခံလူတန်းစားအများစု နေထိုင်ကြသည့် မြိတ်တောင်နယ်မြေနှင့် မြိတ်တောင်ကျေးရွာအုပ်စု တို့ရှိ ရပ်ကွက်တို့တွင် မတ်လ ပထမပတ်မှစပြီး တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ ရေတစ်ယူနစ်လျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ၁၇၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အထိ တဖြေးဖြေး ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေသူအချို့က ပြောပြသည်။ “တစ်ယူနစ် နှစ်ထောင်ပေးရတာ ဆီဈေးတွေ တက်လာလို့တဲ့” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ရေမီတာခများ ဈေးတက်လာသဖြင့် […]

ပုလောတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရ

diz_admin

March 15, 2022

ပုလောမြို့နယ် ကဒဲကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကဒဲကျေးရွာတွင် နေထိုင်သည့် ဦးမြင့်ဇော်နှင့် ဇနီးဖြစ်သူ မခင်မာဝင်းတို့အား မတ်လ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကဒဲရွာသားတစ်ဦးက ပြောသည်။ သေဆုံးသွားသူ ဦးမြင့်ဇော်သည် အသက် ၄၀ ဝန်းကျင်ရှိပြီး ကျေးရွာတွင် ဒလန်ဟု သတင်းထွက်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အထက်ပါပြောဆိုချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (မတ် ၁၅) နံနက်က ပုလောမြို့သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက […]

မြိတ်ခရိုင် NLD ရုံး မီးလောင်

diz_admin

March 14, 2022

မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး ယနေ့ (မတ် ၁၄) ညနေ ၆နာရီခန့်က မီးလောင်ကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ မြိတ်မြို့ရှိ NLD ပါတီ မြိတ်ခရိုင်နှင့် မြို့နယ်ရုံး အဆောက်အအုံဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မိနစ် ၃၀ ခန့်အထိ လောင်ကျွမ်းပြီးနောက် မီးငြိမ်းသွားကြောင်း မြို့ခံများကပြောသည်။ “ရုံးထဲမှာ ကယ်ဆယ်ရေးအတွက်ပေးထားတဲ့ ဘေထုတ်နည်းနည်းရှိတယ်။ အရင်ပတ်ကတည်းက ပျောက်တာတွေရှိပြီး ကျန်တဲ့ဟာတွေ လောင်သွားတယ်လို့သိရတယ်” ဟု မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါရုံးကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ပြီး လျှပ်စစ်မီးများ ဖြတ်တောက်ထားသည်မှာလည်း ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဗုံးဖောက်ခွဲခံရပြီးနောက် ခြံစည်းရိုးနှင့် ပြတင်းပေါက်များလည်း ပျက်စီးလျှက်ရှိကာ မည်သူမဆို အလွယ်တကူဝင်ထွက်၍ […]

ပုလော ထွေအုပ်ရုံးတွင် ဗုံးပေါက်ကွဲပြီး ဝန်ထမ်းနှစ်ဦးဒဏ်ရာရ

diz_admin

March 13, 2022

မြိတ်ခရိုင်၊ ပုလောမြို့ရှိ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံးတွင် ယနေ့ (မတ် ၁၃) မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၃ နာရီခန့်က အဆိုပါရုံးအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ပြီး ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း ပုလော ဒေသခံများက ပြောသည်။ “ဗုံးပေါက်တဲ့အသံက တော်တော်ကြမ်းတယ်” ဟု ၎င်းက ပုလောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ အမျိုးသမီးတွင် ခြေထောက်တွင် ဒဏ်ရာရသည်ဟု သတင်းကြားရပြီး အမျိုးသားတွင် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသည်ဟု သတင်းကြားရကြောင်း ၎င်းက ဆိုသည်။ “နှစ်ဦးလုံး ဒဏ်ရာပြင်းတယ်။ နာရေးကားနဲ့ မြိတ်ခေါ်သွားပြီ” ဟု အထက်ပါ ပုလောမြို့ခံ အမျိုးသားက ဆက်လက်ပြောဆိုသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ် […]

မြိတ်နှင့် ပုလောတို့တွင် မိုင်းပေါက်ကွဲပြီးနောက် ပစ်ခတ်မှုများဖြစ်

diz_admin

March 11, 2022

မြိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီးနှင့် ပုလောမြို့နယ် မင်းထိန်ရွာအနီးတွင် မိုင်းပေါက်ကွဲပြီး နောက် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်လုံးကြီးကျေးရွာအနီး ကားလမ်းမကြီးပေါ်တွင် မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီတပ် ကား၊ ဆိုင်ကယ်တို့ဖြင့် သွားလာစဉ် ပေါက်ကွဲသံ နှစ်ကြိမ် ကြားရပြီးနောက် ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ကြားရကြောင်း ကျောက်လုံးကြီးဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဘက်က ကားတစ်စီးပျက်စီးကာ ဒဏ်ရာရသူရှိသည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ယင်းဖြစ်စဉ်ပြီးနောက် ည ၁၂ နာရီကျော်တွင် ပုလောမြို့နယ် မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းရွာကြားတွင် လည်း ပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံ အချက်တစ်ရာနီးပါးခန့်ကြားရကြောင်း ဒေသခံများက […]