မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
March 25, 2022မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် သွားလာစဉ် ယနေ့ (မတ် ၂၅) ညနေ့ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာနှင့် မိုင်ဝက်ခန့်အကွာတွင် ယနေ့ ညနေ ၄ နာရီ ကျော်ခန့်က မြိတ်ဖက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကဒဲလိပ်ကျေးရွာ ဒေသခံရွာသားအချို့က ပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ ငါးချက်လောက် ကြားတယ်။ အထိအခိုက်ကတော့ မသိရဘူး။ရွာသားတွေလည်း သွားမကြည့်ရဲကြဘူး” ဟု ယင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသည့်နေရာအနီးတွင် အမြောက်တပ်ရင်း တစ်ခုရှိကြောင်းလည်း ရွာသားအချို့က ဆိုသည်။ ဘုတ်ပြင်းဖက်က တက်လာသည့် စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။ […]


