မြိတ် တုံးဗျောရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် PPP ပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်သူ ပစ်ခတ်ခံရ
diz_admin
April 2, 2022မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရပ်ကျေး ဥက္ကဋ္ဌလည်းဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောငယ်ကျေးရွာတွင် နေထိုင်သူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းသည် ဧပြီလ ၁ ရက်နေ့ည ၉ နာရီခန့်က နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်လူအချို့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်ရှိအချိန်တွင် မြိတ်မြို့ရှိ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။ “လက်မောင်းအပါအဝင် ဒဏ်ရာလေးချက်ရပြီး ဆေးရုံခေါ်ဆောင်သွားတယ်။ သေချက်တော့ မထိဘူးလို့ သိရတယ်” ဟု တုံးဗျောငယ် ရွာသားတစ်ဦးက ပြောသည်။ လာရောက်ပစ်ခတ်သူများသည် မျက်နှာဖုံးစွပ်ထားကြပြီး ဦးစိန်သန်းအား ပစ်ခတ်ပြီးပြန်အထွက်တွင် ကျေးရွာရှိ ပျူစောထီးများနှင့် မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ နှစ်ဖက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း […]


