မြိတ်တွင် သင်္ကြန်တွင်း ဘုရားဖူးခရီးစဉ် ယာဉ်စင်းလုံးငှားသူ မရှိသလောက်နည်း
diz_admin
April 10, 2022သင်္ကြန်ကာလအတွင်း ပြည်တွင်းဘုရားဖူးခရီးစဉ်အတွက် ယာဉ်စင်းလုံးငှားသူ မရှိသလောက် နည်းပါးနေကြောင်း စင်းလုံးငှားယာဉ်အသိုင်းအဝိုင်းမှ သိရသည်။ သင်္ကြန်တွင်း လူ ၁၂ ဦးမှ ၁၅ ဦးအထိ လိုက်ပါနိုင်သည့် အံစာတုံးကဲ့သို့ မော်တော်ယာဉ်တို့အား စင်းလုံး ငှားရမ်းပြီး ရန်ကုန်နှင့် အထက်မြန်မာပြည်အနှံ့ ပြည်တွင်း ဘုရားဖူးသွားလေ့ရှိကြသည်။ ပုံမှန်အားဖြင့် နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ဘုရားဖူးခရီးစဉ်တို့အတွက် ကြိုတင်ငှားရမ်းထားကြရပြီး ယခုနှစ်တွင် ငှားရမ်းသူ မရှိသေးကြောင်း ယာဉ်စင်းလုံးဖြတ်ငှားရမ်းနေသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။ “မနှစ်က ကိုဗစ်ကြောင့်ပေါ့။ ဒီနှစ်က ပေးသွားတာတောင် ခေါ်သမားမရှိဘူး” ဟု ၎င်းက ပြောသည်။ စင်းလုံးယာဉ်ပိုင်ရှင်အချို့ကို မေးမြန်းချက်အရ ၎င်းတို့အသိုင်းအဝိုင်းမှ ကားအများစုမှာ ငှားရမ်းသူ မရှိသေးဘဲ တစ်စီးတလေသာ ငှားရမ်းထားသည်ဟု ကြားသိရကြောင်း ပြောဆိုကြသည်။ “အော်ဒါခေါ်ထားတာ မရှိဘူး။ လာခေါ်ရင် ထလိုက်သွားတာပဲ” […]


