ဆေးရောင်းသည့် ငါးဝယ်လှေကို ရေတပ် ဖမ်း
diz_admin
October 19, 2020ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် မူးယစ်ဆေးရောင်းနေသည့် ငါးဝယ်လှေ တစ်စီးကို တပ်မတော်ရေက ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ လေးကျွန်းအနောက်ဘက် တစ်မိုင်ကျော်အကွာရှိ ပင်လယ်ပြင်အတွင် မူးယစ်ဆေးသတင်းရသည့်အတွက် အောက်တိုဘာလ ၉ ရက်နေ့တွင် တပ်မတော်စစ်ရေယာဉ်က စောင့်ဆိုင်းနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦး သေဆုံး ထိုသို့စောင်းဆိုင်းနေစဉ် လှေအမည်မရှိသည့် အလျား ၄၆ ပေအရွယ်ရှိ ငါးဝယ်လှေတစ်စီးပေါ်တွင် အမျိုးသား နှစ်ဦးကို တွေ့ရှိခဲ့သည်။ အဆိုပါလှေအား စစ်ဆေးရာ WY စိတ်ကြွဆေး ၁၁၇ ပြား၊ ဘိန်းစာမှုန့် ၇၅ ဂရမ်နှင့် ဆေးရှူသည့် ကိရိယာတစ်ခုတွေ့ရကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာ မူးစိတ် ပုဒ်မများဖြင့် […]