တနင်္သာရီ သိန္ဒောကျေးရွာတွင် တိုက်ပွဲဖြစ်
diz_admin
April 20, 2022တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲဝန်းကျင်အထိ ပစ်ခတ်သံများ ကြားနေရသေးကြောင်း ဒေသခံများက ပြောသည်။ “ချောင်းဟိုဖက်ဒီဖက် ပစ်နေကြတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့လည်း ထုနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက နေ့လယ် ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ကမ်းနားလှေဆိပ်တွင် လဲကျနေပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ သိန္ဒောလှေဆိပ်တွင် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို နံနက် ၉ နာရီခွဲတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း […]


