မြိတ်တွင် လျှပ်စစ်စက်ဘီးများ အရောင်းသွက်
diz_admin
April 22, 2022ဆိုင်ကယ် ဈေးနှုန်းနှင့် စက်သုံဆီဈေးနှုန်းများ မြင့်တက်သွားသဖြင့် မြိတ်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားလာပြီး အရောင်းသွက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ မော်လ်ဒယ်မြင့် မော်တော် ဆိုင်ကယ်များ ဈေးနှုန်းအဆမတန် မြင့်တက်လာပြီးနောက် လျှပ်စစ်စက်ဘီးများ ဈေးကွက်အတွင်း နေရာယူလာခြင်းဖြစ်ကြောင်း E-Bike အရောင်းဆိုင်အချို့ထံမှ သိရသည်။ မော်ဒယ်မြင့်မော်တော်ဆိုင်ကယ်များမှာ ယခင်ဈေးနှုန်းထက် နှစ်ဆနီးပါးခန့် ဈေးမြင့်တက်လာသဖြင့် E-Bike ဝယ်စီးရခြင်းဖြစ်ကြောင်း ဝယ်စီးသူအချို့က ပြောသည်။ “ဆိုင်ကယ်တွေဈေးကြီးတယ်။ မဝယ်နိုင်ဘူး။ ဆီဈေးလည်းတက်နေတာ စက်ဘီးပဲ ဝယ်စီးမှာပေါ့” ဟု ဘတ်ထရီစက်ဘီး ဝယ်စီးနေသည့် မြိတ်တောင်နယ်မြေမှ အသက် ၂၀ နှစ်ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။ မော်လ်ဒယ်မြင့် ဗီယက်နမ်ထုတ် Wave 100 ဆိုင်ကယ်တစ်စီး၏တန်ဖိုးသည် ဘတ်ထရီစက်ဘီး လေးစီး၏တန်ဖိုးနှင့် ညီမျှကြောင်း အရောင်းဆိုင်အချို့ထံမှ […]


