မြိတ်တွင်အမျိုးသားငါးဦးနှင့် လက်နက်များဖမ်းမိ ဟုဆို
diz_admin
November 24, 2021မြိတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နိုဝင်ဘာ လ ၂၃ ရက်နေ့က အမျိုးသားငါးဦးနှင့်အတူ လက်နက်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ မြိတ်မြို့၊ မြို့သစ် ၄ ရပ်ကွက်နှင့် မြို့သစ် ၅ ရပ်ကွက်နေ အမျိုးသားငါးဦးကို ရဲနှင့် စစ်သားများမှ လာရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်အောက်တွင် ဆာလာအိတ်ဖြင့် ဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းသွားခဲ့သည်ဟု မျက်မြင် ဒေသခံများ ကပြောသည်။ “သေနတ်တွေက လက်လုပ်ယမ်းထောင်း (တူမီး) တွေလို့သိရတယ် အလက်တစ်ဆယ်ကျော်လောက်တော့ ရှိနိုင်တယ်”ဟု မြို့သစ် ၄ ရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ အဆိုပါငါးဦးအနက် အသက် နှစ်ဆယ်ကျော်လူငယ်တစ်ဦးအား ဦးစွာဖမ်းဆီးခဲ့ပြီးနောက် ကျန်လေးဦးအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများကပြောပြသည်။ “လက်နက်မိတဲ့အိမ်ကို တစ်နေ့လုံးသုံးကြိမ်တောင် လာပြီးရှာကြတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြသည်။ […]


